DVB Logo
Home
မြန်မာသတင်း
လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာသည့် မိတ္ထီလာမြို့က ဒုရဲအုပ်ကို ကျပ်သိန်း ၄၀ ချီးမြှင့်
DVB
·
December 30, 2023
လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာသည့် မိတ္ထီလာမြို့က ဒုရဲအုပ်ကို ကျပ်သိန်း ၄၀ ချီးမြှင့်
Donate to DVB

လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တဲ့ မိတ္ထီလာမြို့က ဒုရဲအုပ်တယောက်ကို ကျပ်သိန်း ၄၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ရေစကြိုအခြေစိုက် Southern YSO PDF အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒုရဲအုပ် ဆန်းလင်းဟာ ခြောက်လုံးပြူး ၁ လက်နဲ့ ကျည် အတောင့် ၃၀၊ ဗုံးသီး ၃ လုံး၊ လက်ထိပ် ၁ ခု၊ 7.62×51 G3 ကျည်အတောင့် ၁၂၀ တို့ ယူဆောင်လာခဲ့ပြီး Southern YSO PDF က နွေးနွေးထွေးထွေး ကြိုဆိုခဲ့သလို ဂုဏ်ပြုငွေ ကျပ်သိန်း ၄၀ ကိုလည်း ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၃ လ ကတည်းက လာရောက်ခိုလှုံဖို့ ဆက်သွယ်ခဲ့ပေမဲ့ ခရီးဝေးတာကြောင့် အခုမှ ရောက်လာနိုင်တာဖြစ်ပြီး ဆိုင်ကယ်တတန်၊ ကားတတန်နဲ့ ခက်ခက်ခဲခဲလာခဲ့ရတာလို့လည်း ဆိုပါတယ်။

သူ့ကို သူနေထိုင်ချင်တဲ့နေရာဆီ ဘေးကင်းကင်း လုံလုံခြုံခြုံ ပို့ပေးခဲ့ပြီး နောက်ထပ် လက်နက်အပ် အလင်းဝင်လာမယ့်သူတွေကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုနေတယ်လို့  Southern YSO က ထုတ်ပြန်ဖော်ပြထားပါတယ်။

အလင်းဝင်လာတဲ့ ဒုရဲအုပ် ကိုဆန်းလင်းဟာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ စည်းစိမ်ကို မီးရှို့ဖျက်ဆီး လုယက်ယူဆောင်တာကို မနှစ်မြို့တာနဲ့ အာဏာရှင်အတွက် အလုပ်လုပ်ရတာကို မနှစ်မြို့တာ စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံလာခဲ့တာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ပခုက္ကူမြို့မရဲစခန်းက ရဲတပ်သား တယောက်ဟာ G3 ၁ လက်နဲ့ လက်နက်အပ် အလင်းဝင်လာလို့ ကျပ်သိန်း ၈၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ဆုကြေးငွေချီးမြှင့်ရာမှာ ငွေကြေးမလုံလောက်လို့ ချေးငှား ပေးနေရတာကြောင့် ပြည်သူတွေအနေနဲ့ နိုင်ရာဘက်က ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013