DVB Logo
Home
မြန်မာသတင်း
ပလက်ဝရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် စခန်းကုန်းကို အေအေ ထပ်မံသိမ်းပိုက်
DVB
·
December 30, 2023
ပလက်ဝရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းနှင့် စခန်းကုန်းကို အေအေ ထပ်မံသိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတခုနဲ့ စခန်းကုန်းတခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ပါတယ်။

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ ခဝဲဗျူဟာကုန်းကို ဒီဇင်ဘာ ၂၇ ရက် မနက် ၆ နာရီ ၁၀ မိနစ်မှာ အေအေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ဒီဇင်ဘာ ၂၈ ရက် မနက် ၉ နာရီ မိနစ် ၂၀ မှာ အိန္ဒိယ-မြန်မာ နယ်စပ်က စစ်ကောင်စီရဲ့ ပွိုင့် ၃၇၇ ခြေကုပ်စခန်းကုန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းကုန်းတွေမှာ စစ်ကောင်စီတပ်သားအလောင်းတွေ အများအပြားတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေလည်း  သိမ်းဆည်းရရှိခဲ့ကာ ပုပ်ပွ ပြန့်ကျဲသေဆုံးနေတဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမရွာနားက တောင်ရှည်တောင် ဗျူဟာကုန်းနဲ့ မြောက်ဦးမြို့နယ် မြောင်းဘွေရဲစခန်းတို့ကိုလည်း အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပေါက်တောမြို့ပေါ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။

မြောင်းဘွေရဲစခန်းမှာတော့ ဒုရဲအုပ်တယောက်အပါဝင် ရဲ ၄ ယောက်နဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ချအလင်းဝင်တယ်လို့ သတင်းကြားရပြီး လက်နက်ချအညံ့မခံတဲ့သူတွေကို အေအေက ဆက်လက်တိုက်ခိုက် ချေမှုန်းနေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီလောက်မှာ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို အေအေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး  ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း  သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Photo-AA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013