DVB Logo
Home
မြန်မာသတင်း
TNLA စစ်ဦးစီးချုပ် ရှေ့တန်းစစ်မြေပြင်သို့ ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံ)
DVB
·
December 30, 2023
TNLA စစ်ဦးစီးချုပ် ရှေ့တန်းစစ်မြေပြင်သို့ ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံ)
1 / 7
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန် ဟာ ၁၀၂၇ စစ်ဆင်ရေးကာလမှာ သိမ်းဆည်းရမိပြီး နယ်မြေစိုးမိုးမှုရထားတဲ့ တပ်မဟာစစ်ဒေသအသီးသီးကို ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

တပ်မဟာ(၁)စစ်ဒေသ မန်ဝိန်ကြီး၊ ရွှေလီမြစ်ကူး ကြိုးတံတား တပ်စခန်း၊ နမ့်ပေါ်တပ်စခန်း၊ နမ့်ခမ်း စခန်းသစ်တပ်စခန်းနဲ့ နမ့်ခမ်းမြို့တွင်း၊ တပ်မဟာ(၂)စစ်ဒေသ နမ့်ဆန်မြို့၊ ကဒိုင်းဖူးတပ်စခန်း၊ နမ့်ဆန်မြို့တပ်စခန်း၊ နမ့်ဆန်မြို့တွင်း၊ တပ်မဟာ(၃)စစ်ဒေသ မန်ပူးတပ်စခန်း၊ ပန်ယုတ်တပ်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ခိုမုန်းတပ်စခန်း၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းနဲ့ မန်တုံမြို့တွင်း၊ တပ်မဟာ(၄)စစ်ဒေသ နမ္မတူမြို့ ခမရ-၃၂၄ တပ်စခန်းနဲ့ နမ္မတူမြို့တွင်း၊ တပ်မဟာ(၅)စစ်ဒေသ ယုံမော၊ လွယ်ကန်၊ လွယ်ဟွမ်၊ ရှောက်ဟော်တပ်စခန်းနဲ့ တခြားစခန်းငယ်၊ တပ်မဟာ(၆)စစ်ဒေသ မိုင်းကျက်၊ တိန်းတန်၊ ပန်ရှော၊ ဂျာယာန်၊ ဆိုင်လျှံတပ်စခန်းနဲ့ တခြားစခန်း အသီးသီးကို သွားရောက် စစ်ဆေးခဲ့တာလို့ TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒေသခံပြည်သူတွေ၊ စစ်မြေပြင်ထဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး TNLA ဟာ စစ်သုံ့ပန်းဥပဒေ လိုက်နာတဲ့ အဖွဲ့ဖြစ်တာကြောင့် TNLA လက်ထဲရောက်လာပြီ ဖြစ်တဲ့အတွက် စိတ်ချလုံခြုံမှုရှိပြီလို့ ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ရှေ့တန်းက တပ်မှူးတွေနဲ့လည်း တွေ့ဆုံပြီးသိမ်းဆည်းရမိတဲ့ နယ်မြေတွေ၊ စခန်းတွေ ပြန်လက်မလွတ် မဆုံးရှုံးအောင် တပ်လုံခြုံရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်ထားဖို့၊ စစ်ရေးအမြင် စစ်ရေးသတိ အမြဲမပြတ် ထားဖို့လည်း ပြောခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA တပ်ဖွဲ့တွေက  စစ်ကောင်စီရဲ့ တပ်စခန်းကြီး စခန်းငယ်ပေါင်း ၇၃ ခု သိမ်းဆည်းရမိပြီး မြို့ ၅ မြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo-PSLF/TNLA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013