DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်ထွက် လိမ္မော်သီး ဈေးကောင်းမရသဖြင့် တောင်သူများအရှုံးပေါ်
DVB
·
December 29, 2023
ရှမ်းတောင်ထွက် လိမ္မော်သီး ဈေးကောင်းမရသဖြင့် တောင်သူများအရှုံးပေါ်
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်က ထွက်ရှိတဲ့ လိမ္မော်သီးတွေဟာ ဈေးကောင်းမရရှိတာကြောင့် တောင်သူတွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လိမ္မော်စိုက် တောင်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် လိမ္မော်သီးပေါ်ချိန် လိမ္မော်သီးတပိဿာ ကျပ် ၇,၀၀၀ နီးပါးအထိ ရောင်းချခဲ့ရပြီး အခုနှစ် အမြင့်ဆုံးဈေး တပိဿာ ကျပ် ၃,၀၀၀ ပဲ ရောင်းချနေရတာကြောင့် အရှုံးတွေနဲ့ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

ရွာငံမြို့နယ် လိမ္မော်ခြံစိုက် တောင်သူတဦးက “မိုးများတော့ အသီးတွေလည်း မလှဘူး။ အရောင်လည်းမလှဘူး။ ဈေးက အရင်နှစ် တဝက်ပဲရတဲ့အပြင်ကို အလုံးကလည်း ပုပ်တာများတော့ ဒီနှစ်က အဆင်မပြေဘူး။ ခြင်းပြတ်ရောင်းရင်တောင် ၈၀,၀၀၀ လောက်ပဲရတာ၊ တခြင်းမှာ ပိဿာ ၃၀ ရှိတယ်” လို့ ပြောပါတယ်။

လိမ္မော်ခြံစိုက်တောင်သူတွေဟာ ပင်လောင်းမြို့ကနေ အောင်ပန်းမြို့အထိ သွားရောက်ရောင်းချရာမှာ လမ်းကြောင်းတလျှောက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေရဲ့ စစ်ဆေးတာ၊ အခွန်ငွေအများအပြား ကောက်ခံတာတွေကြောင့် သွားရောက်ရောင်းချဖို့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီ ဝယ်ယူရခက်ခဲပြီး ဈေးနှုန်းကြီးမြင့်တဲ့အပြင် စိုက်ပျိုးရေး သွင်းအားစုစရိတ် ကြီးမြင့်တာ၊ နေ့စားခကြီးမြင့်တာတွေကြောင့် လိမ္မော်သီးတပိဿာ ကျပ် ၁၀,၀၀၀ လောက်မရရင် အရှုံးနဲ့သာ ရင်ဆိုင်ရဖို့ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

ပင်လောင်းမြိုနယ်မှ လိမ္မော်ခြံစိုက် တောင်သူတဦးက “ဝယ်ယူသူရှိတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းမြင့်လာတာနဲ့ ဈေးက အရင်လောက်မရတာနဲ့ ကျနော်တို့အတွက် စိုက်ပျိုးစရိတ်တောင် ပြန်မကာမိဘူး” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လိမ္မော်စိုက်ဧက ၁၁,၀၀၀ ကျော်ရှိပြီး ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင်ကျေးရွာ၊ ကျောက်တလုံးကြီးနဲ့ ထီခေါင်းကျေးရွာတွေက လိမ္မော်ကို အဓိကစိုက်ပျိုးကြတယ်လို့ လိမ္မော်စိုက်တောင်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013