DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့တွင် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်
DVB
·
December 28, 2023
ကော့ကရိတ်မြို့တွင် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားပြီး ဒီဇင်ဘာ ၂၆ ရက်ကနေ  ၂၇ ရက် ညနေအထိ ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ရင်း၊ ရဲစခန်းတွေ၊ မြို့တွင်းနေရာတချို့ကို  KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရှင်ဖမ်းဆီးရမိသူနဲ့ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

တချိန်တည်းမှာပဲ ကော့ကရိတ်- ကြာအင်းဆိပ်ကြီးလမ်းပေါ်က တောင်ကြာ အင်းတံတားအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ လက်အောက်ခံ ၃၁၃ အမြောက်တပ်နဲ့ တပ်စခန်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်က စတင်ပြီး ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင်အနီးတဝိုက်က စစ်ရှောင်ပြည်သူ ၂ သောင်းလောက်ဟာ ဘားအံ၊ မော်လမြိုင်နဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာမှာ တိမ်းရှောင်နေရသလို သာမည၊ ကျောက်ကလပ်၊ သာယာကုန်း၊ ကော့ကဒါနဲ့ အဆင်ပြေရာ ကျေးရွာဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ဗလီကျောင်းတွေမှာ ခိုလှုံနေရပါတယ်။

တိုက်ပွဲကာလ ၁ လနီးပါးကြာမြင့်လာတာကြောင့် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်း ပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိမှန်သေဆုံးပြီး နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ရတဲ့အပြင် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။

လူထိခိုက်သေဆုံးတာ နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးတဲ့ အရေအတွက်အတိအကျကို ဒီကနေ့အထိ မသိရသေးပါဘူး။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013