DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် စစ်ဘေးရှောင်များ၏ နေအိမ်အချို့ ဖောက်ထွင်းခံရ
DVB
·
December 28, 2023
ပလက်ဝတွင် စစ်ဘေးရှောင်များ၏ နေအိမ်အချို့ ဖောက်ထွင်းခံရ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့အထက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတဲ့အတွက် သူတို့ရဲ့နေအိမ်တချို့ ဖောက်ထွင်းခံခဲ့ရကာ တန်ဖိုးကြီးပစ္စည်းတချို့နဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ ပျောက်ဆုံးကုန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပလက်ဝမြို့အထက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ ကျေးရွာ ၆ ရွာလောက်က ပြည်သူတချို့ နေရပ်ပြန်လာကြတဲ့အချိန် သူတို့နေအိမ်တချို့ ဖောက်ထွင်းခံရပြီး လက်ဝတ်လက်စား၊ စားနပ်ရိက္ခာ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဝတ်အထည်တွေကအစ ပျောက်ဆုံးကုန်တယ်လို့ သိရပါတယ်။

ပလက်ဝဒေသခံတဦးက “ရွာကလူတွေက အကုန်စစ်ဘေးရှောင်ကြတော့ ရွာမှာ ဒီတိုင်းထားခဲ့တာပေါ့။ ဗြုန်းစားကြီး ရှောင်ကြရတော့ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတာ။ လက်ဝတ်လက်စားတွေ တန်ဖိုးရှိတာတွေ အကုန်ပစ်ထားခဲ့ရတယ်။ သုံးလေးရက်လောက်ပဲ ရှောင်ရမယ်ထင်တာ၊ ဒီလို ရက်ပေါင်း ၄၀ ကျော် ဒီတိုင်းထားခဲ့ရတော့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ အိမ်ကဟာတွေ ဖောက်ထွင်းခံလိုက်ရတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ပလက်ဝမြို့ ခလရ-၂၈၉ တပ်ရင်းနဲ့ အေအေ တပ်စခန်းတို့က လက်နက်ကြီးနဲ့ နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013