DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်ငါးဖမ်းသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ
DVB
·
December 28, 2023
မလေးရှားတွင် တရားမဝင်ငါးဖမ်းသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ် အနောက်တောင်ဘက်မှာ ကမ်းခြေမှ ၁၅ မိုင်အတွင်း ငါးဖမ်းတာ၊ တရားမဝင် ဆက်သွယ်ရေးကိရိယာတွေ အသုံးပြုတာနဲ့ အထောက်အထား‌ စာရွက်စာတမ်းတွေ မရှိတာတို့အတွက် မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် ၅ ဦးကို ဒီဇင်ဘာ ၂၆ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပီရက်ပြည်နယ် ရေကြောင်းညွှန်ကြားရေးမှူး မိုဟာမက် ဟမ်ဘလီ ဦးဆောင်တဲ့ ကမ်းခြေစောင့်တပ်ဟာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲမှာ ပီရက်ရေပြင် အနောက်တောင်ဘက် ရေမိုင် ၁၀ မိုင်ခွဲမှာ ငါးဖမ်းနေတဲ့ မသင်္ကာဖွယ်ရာ လှေတစီးကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

လှေပေါ်မှာ မြန်မာနိုင်ငံသား ၄ ဦး၊ မလေးနိုင်ငံသားတဦးနဲ့အတူ တရားဝင် အထောက်အထား မပါတဲ့ ဆက်သွယ်ရေးပစ္စည်းတွေ တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံသားတွေက အထောက်အထား စာရွက်စာတမ်း မပါရှိဘူးလို့ ရေကြောင်းညွှန်ကြားရေးမှူး မိုဟာမက် ဟမ်ဘလီက ပြောပါတယ်။

“ရေမိုင် ၁၅ မိုင်အတွင်းမှာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့အပြင် ဆက်သွယ်ရေးကိရိယာ အသုံးပြုခွင့်အတွက်လည်း ထောက်ခံချက် မပြနိုင်ဘူး။ ဖမ်း‌ဆီးသိမ်းဆည်းခဲ့တဲ့ ငါးဖမ်းသမား ၅ ဦး၊ လှေနဲ့အတူ ငါးဖမ်းကိရိယာတို့ကို မလေးရှားစုံစမ်းစစ်ဆေးရေးအရာရှိထံ အပ်နှံခဲ့ပါတယ်။”

ဖမ်းဆီးရမိခဲ့သူတွေကို စက်လှေမှာ အီလက်ထရောနစ်ပစ္စည်းတွေ အသုံးပြုခွင့်မရှိတဲ့ ငါးလုပ်ငန်းဥပဒေနဲ့ ကမ်းခြေမှ ၁၅ မိုင်အတွင်း ငါးဖမ်းခြင်းတို့အတွက် တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံသား ၄ ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပါ ထပ်မံတရားစွဲဆိုခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013