DVB Logo
Home
မြန်မာသတင်း
နမ္မတူဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
DVB
·
December 28, 2023
နမ္မတူဒေသခံ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာမှာ စစ်ဘေးရှောင် ၁,၀၀၀ ကျော်လောက် ဘေးလွတ်ရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရ​တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က စတင်ကာ နမ္မတူမြို့နယ် မန်စံကျေးရွာအတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေကြောင့် ဒေသခံ အရပ်သားပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ​ပါတယ်။

Visit Kyaukme မှ တာဝန်ရှိသူတဦးက “ထွက်ပြေးလို့ရတဲ့သူတွေလောက်ပဲ စစ်ရှောင်လာကြတာ။ ပိတ်မိနေသေးတဲ့သူတွေ ရှိသေးတယ်။ ပိတ်မိနေတဲ့သူတချို့ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ကျန်ရှိနေသေးတယ်။ အခုက စစ်ရှောင်စခန်းတွေမှာ လူအပြည့်ဖြစ်နေတာမို့ မိုင်မူဘုန်းတော်ကြီးကျောင်းကိုလည်း ပို့ထားရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်အတွင်းမှာ အရပ်သားပြည်သူ ၁,၀၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ တိုက်ပွဲတွေ တင်းမာနေတာကြောင့် မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတချို့ကို မကယ်ထုတ်နိုင်သေးဘူးလို့ သိရပါတယ်။

“မန်စံက စစ်ရှောင်တွေကို အခုလက်ရှိအချိန်ထိတော့ စားသောက်ဖွယ်ရာတွေ ကျွေးမွေးစောင့်ရှောက်ထားပါတယ်။ စစ်ရှောင်တွေက တရက်ထက်တရက် တိုးလာတော့ စားနပ်ရိက္ခာ လိုအပ်တာတွေလည်း ရှိနေပါတယ်” လို့ Visit Kyaukme မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က လားရှိုးမြို့အဝင်ဂိတ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က မြို့ထဲဝင်ထွက်ခွင့်ကို ပိတ်ပင်လိုက်တာကြောင့် နမ္မတူစစ်ဘေးရှောင်တွေက မန်စံကျေးရွာမှာ ပိတ်မိနေကာ စာသင်ကျောင်း၊ ဆရာလေးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်လိုက်တဲ့အတွက် နမ္မတူမြို့ ရပ်ကွက် ၃၊ ၆ နဲ့ ခိုဖိတ်ကျေးရွာမှာ ဒေသခံ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013