Home
နိုင်ငံတကာ
ကွန်ဂိုတွင် မိုးသည်းထန်ပြီး ရေကြီး မြေပြို၊ လူ ၄၀ ထက်မနည်း သေဆုံး
DVB
·
December 28, 2023

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ ဒီဇင်ဘာ ၂၆ ရက်က တညလုံး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး မြေပြိုတာတွေကို ကြုံခဲ့ရပြီးနောက် လူ ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး အလောင်းတွေကို ရှာဖွေနိုင်ဖို့ ဒေသခံတွေက ရွှံ့တွေ တူးထုတ်နေရပါတယ်။

ဘူကာဗူရွာမှာ အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ဘူကာဗူမှ ကီလိုမီတာ ၅၀ ကွာဝေးတဲ့ ဘူရင်ညီရွာမှာလည်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရပ်ရွာခေါင်းဆောင် ပက်ထရစ်ဘကာဝါဘားနာက“ဘူကာဗူမှာ မိုးအရမ်းရွာလို့ မနေ့ညက လူ ၂၅ ယောက်ကျော်လောက် ရေနဲ့ပါသွားကြောင်းနဲ့ ပြည်နယ်အစိုးရနဲ့ နိုင်ငံတော်အစိုးရကို ကူညီပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

မိုးရွာတဲ့အခါ အမှိုက်တွေကြောင့် ပင်မရေလမ်းကြောင်းကို ပိတ်ဆို့သွားရတာဖြစ်ပြီး အဲဒီကနေ ရေတွေလျှံပြီး နေအိမ်တွေကို ထိခိုက်ရတာဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူ အီမန်နျူယယ် မာဟီဗူနို ကလင်မ်ဘာက ပြောပါတယ်။

ညံ့ဖျင်းလှတဲ့ မြို့ပြစီမံကိန်းနဲ့ အခြေခံအဆောက်အအုံ အားနည်းတာတွေကြောင့် မူကူပီရွာလို ခက်ခဲကြမ်းတမ်းပြီး ပင်ပင်ပန်းပန်း ရုန်းကန်ရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေမှာ မိုးရွာသွန်းမှု လွန်ကဲခြင်းကြောင့် ဒုက္ခတွေ ပိုများရပါတယ်။

ပူနွေးလာတဲ့ အပူချိန်ကြောင့် အာဖရိကမှာ ရာသီဥတုက မကြာခဏဆိုသလို ပိုပြင်းထန်လာတတ်ကြောင်း ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများ အဆိုအရ သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024