DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့ရှိ ခမရ-၃၂၄ တပ်ရင်းဌာနချုပ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
DVB
·
December 28, 2023
နမ္မတူမြို့ရှိ ခမရ-၃၂၄ တပ်ရင်းဌာနချုပ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် ၃၂၄ ခြေမြန်တပ်ရင်း၊ တပ်ရင်းဌာနချုပ်ကို ဒီဇင်ဘာ ၂၈ ရက် မနက် ၄ နာရီလောက်မှာ TNLA နဲ့ ပူးပေါင်း မဟာမိတ်တပ်ပေါင်းစုတွေက သိမ်းပိုက်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နမ္မတူမြို့ခံတဦးက “ဒီမနက်ပိုင်း ဒီမနက် ၄ နာရီမှာ။ ဟိုဘက်က အော်နေတာ။ အော်နေကြတာ ကျနော်က ကြားလိုက်၊ မကြားလိုက်ပဲ၊ အဲချိန်မှာဖြစ်မယ်။ TNLA တဖွဲ့တည်း မဟုတ်ပါဘူး၊ လူရောတယ်။ သူတို့တဖွဲ့တည်း မဖြစ်နိုင်ပါဘူး၊ အကုန်ရောတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းပြီးနောက် လက်ရှိမှာ TNLA နဲ့ ပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး သိမ်းပိုက်ရရှိမှု အခြေအနေကို မထုတ်ပြန်သေးတာကြောင့် အတိအကျ မသိရသေးဘူးလို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

“အတိအကျတော့ မသိရသေးဘူး။ ဘယ်သူမှ သတင်းအတိအကျ မသိသေးဘူး။ သတင်းထုတ်ပြန်မှ သိမှာ။ အခုက သိမ်းစရာတွေသိမ်း၊ ရှင်းစရာတွေရှင်း။ မပြီးသေးဘူး။ အထဲမှာ အများကြီး လုပ်ရဦးမှာ။” 

ဒီဇင်ဘာ ၂၃ ရက် ညနေကစပြီး TNLA နဲ့ ပူးပေါင်းအဖွဲ့ဘက်က ထိုးစစ် ပြင်းထန်လာခဲ့ကာ တိုက်ပွဲအတွင်း ‌ပြည်သူ ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးသွားတဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိတယ်လို့ ဆိုပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်ပေါင်းစုတွေဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ့်ခမ်း၊ မိုင်းလုံမြို့နယ်ခွဲနဲ့ နမ္မတူမြို့တွေထဲက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013