DVB Logo
Home
မြန်မာသတင်း
ဆမီးမြို့တွင် တိုက်ပွဲဖြစ်၊ ပြည်သူ ၇,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ
DVB
·
December 28, 2023
ဆမီးမြို့တွင် တိုက်ပွဲဖြစ်၊ ပြည်သူ ၇,၀၀၀ နီးပါး စစ်ဘေးရှောင်နေရ
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ စစ်ကောင်စီတပ်နဲ့ CDF ပလက်ဝတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF ပလက်ဝထံက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ညနေက ဆမီးမြို့ ဆေးရုံသစ်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ CDF ပလက်ဝတို့ ထိတွေ့တိုက်ပွဲ ၁ နာရီလောက် ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အထိအခိုက် အကျအဆုံးစာရင်းကို အတိအကျ မသိရှိရသေးပေမဲ့ CDF ပလက်ဝဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆမီးမြို့က ပြည်သူ ၇,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ဆိုပါတယ်။

ဆမီးမြို့ခံတွေဟာ နီးစပ်ရာ တောတောင်တွေဘက်ကို စစ်ဘေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဋ္ဌ ဆလိုင်းမျိုးခေတ်က “ဆမီးက လူဦးရေက အရင်စစ်ရှောင်နဲ့ အခုထပ်ရှောင်ရသူ ပေါင်းရင် ၇,၀၀၀ ကျော်ရှိတယ်။ အခု ဒီဇင်ဘာလအတွင်းမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေအားလုံးဟာ အိုးအိမ်တွေကိုထားခဲ့ပြီး နေရပ်စွန့်ခွာတာတွေ ရှိတယ်။ ဆမီးမြို့ပတ်ပတ်လည်က ကျေးရွာတွေပေါ့။ မင်းအောင်လှိုင်အဖွဲ့က ရန်သူမှန်းမသိ ပြည်သူမှန်းမသိ ဗုံးတွေကြဲတော့ ဆမီးပတ်ပတ်လည်က ရွာတွေလည်း စစ်ရှောင်ရတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။

ဆမီးမြို့နဲ့ နီးစပ်ရာကျေးရွာက ပြည်သူတွေအနေနဲ့ အသွားအလာ သတိထားဖို့နဲ့ တောတောင်ထဲမှာ အမဲလိုက်ခြင်းမပြုဖို့ CDF ပလက်ဝက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013