DVB Logo
Home
မြန်မာသတင်း
ပင်လုံမြို့တွင် ဖုန်းဆိုင်ဓားပြတိုက်ခံရပြီး ပိုင်ရှင်နှင့် ဝန်ထမ်းများကိုပါ ပစ်သတ်
DVB
·
December 28, 2023
ပင်လုံမြို့တွင် ဖုန်းဆိုင်ဓားပြတိုက်ခံရပြီး ပိုင်ရှင်နှင့် ဝန်ထမ်းများကိုပါ ပစ်သတ်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ ဈေးအရှေ့ဘက်ရှိ ဦးတင်ထွန်းဖုန်းဆိုင် ဓားပြတိုက်ခံရပြီး ဖုန်းဆိုင်ပိုင်ရှင် မိသားစုဝင် နှစ်ယောက်နဲ့ ဝန်ထမ်းနှစ်ယောက် စုစုပေါင်း  လေးယောက်တို့ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မနေ့ ည ၆ နာရီ မိနစ် ၅၀ လောက်မှာ ဓားပြအဖွဲ့က ကားနဲ့ ဆိုင်ရှေ့ကို ရောက်လာပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တွေကို သေနတ်နဲ့ ချက်ချင်း ပစ်သတ်ခဲ့တာလို့ မျက်မြင်တွေ့တဲ့ မြို့ခံတဦးက ပြောပါတယ်။

“အရမ်းကြောက်ဖို့ကောင်းတယ်။ သေနတ်တွေနဲ့ ကိုင်ထားတယ်ဆိုတော့ ဘယ်သူမှ သွားမကူညီရဲဘူး။ ဓားပြက ရောက်ရောက်ချင်းပဲ ပစ်သွားတာ။ ဦးခေါင်းတွေချည်း ချိန်ပစ်သွားတာ။”

အဲဒီလိုပစ်ခတ်ခံရမှုကြောင့် ဆိုင်ပိုင်ရှင် ဦးတင်ထွန်း အသက် ၆၄ နဲ့ သမီးကြီး(အသက် ၄၀) တို့အပြင်  ဝန်ထမ်းအမျိုးသမီး နှစ်ယောက် (အသက်၂၀ကျော်)၊ စုစုပေါင်း လေးယောက် အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်။

ပင်လုံမြို့ခံတဦးက "ငွေအနည်းငယ်နဲ့ ဆိုင်ထဲရှိတဲ့ဖုန်းတချို့ပဲ ဓားပြတွေက ယူသွားပါတယ်။ နောက်မှ ဌာနဆိုင်ရာဖြစ်တဲ့ ပင်လုံမြို့နယ်မှူး၊ ရဲစခန်းမှူးနဲ့ လွိုင်လင်ဘက်က ဌာနဆိုင်ရာနဲ့ လက်နက်ကိုင်အဖွဲ့တွေ စုံစမ်းစစ်ဆေးမှု လာလုပ်တယ်။ ဓားပြတိုက်တဲ့သူက ဘယ်သူဘယ်ဝါဆိုတာတော့ အခုထိ မသိရသေးပါဘူး" လို့ ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်ကလည်း ပင်လုံမြို့နေ  အမျိုးသမီးတဦးကို  အမျိုးသား တယောက်ကလာရောက်ခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း ၅၀၀ တောင်းကာ ပြန်ပေးဆွဲခဲ့ပါတယ်။ 

မိသားစုဝင်တွေက လာမရွေးနိုင်လို့ ပစ်သတ်ခံခဲ့ရပြီ ဒီအမှုကို ပင်လုံမြို့ ရဲတပ်ဖွဲ့က တာဝန်ယူ စုံစမ်းစစ်ဆေးခဲ့ပေမဲ့  ကျုးလွန်သူကို ဒီနေ့တိုင် ဖမ်းမိခြင်းမရှိသေးပါဘူး။

ပင်လုံမြို့ဟာ စစ်ကောင်စီတပ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေဖြစ်ပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)လည်း အနည်းငယ် လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013