DVB Logo
Home
မြန်မာသတင်း
ပဲစင်းငုံဈေး ကျပ် ၃၃ သိန်းခန့်ထိ ပြန်မြင့်တက်
DVB
·
December 27, 2023
ပဲစင်းငုံဈေး ကျပ် ၃၃ သိန်းခန့်ထိ ပြန်မြင့်တက်
Donate to DVB

မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံ အဓိကဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ ပဲလိုအပ်ချက် မြင့်တက်နေတာကြောင့် ပြည်တွင်း ပဲစင်းငုံနဲ့ မတ်ပဲဈေးတွေ သိသိသာသာ ထိုးတက်လာပါတယ်။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်‌ ဈေးနှုန်းအရ ပဲစင်းငုံ (Red/RC) အမျိုးအစားက ကျပ် ၃၃ သိန်းဝန်းကျင်ထိ ပြန်မြင့်တက်လာပြီး ပြီးခဲ့တဲ့သီတင်းပတ်က တတန်ကို ကျပ် သိန်း ၃၀ ဝန်းကျင်သာ ရှိခဲ့တာကြောင့် တပတ်အတွင်း တတန်ကို ၂၃၀,၀၀၀ ကျော်ထိ သိသိသာသာ စျေးမြင့်တက်လာတာ တွေ့ရပါတယ်။

လက်ရှိမှာ ဈေးကွက်ထဲကို ပဲစင်းငုံအသစ်တွေ စတင်ဝင်ရောက်‌နေပြီး ဈေးအဖွင့်ကောင်းနေတယ်လို့လည်း ပဲကုန်သည်‌တွေထံက သိရပါတယ်။

ဒီဇင်ဘာလနောက်ပိုင်းမှာ ပဲစင်းငုံအသစ်တွေ ဈေးကွက်ထဲ ပိုမိုဝင်ရောက်လာမှာဖြစ်ပြီး ကုန်သည်တွေကတော့ ပဲလိုအပ်ချက်ရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားကိုမျှော်ပြီး ပဲမပေါ်ခင်ကတည်းက ကြိုပွိုင့်နဲ့ ဝယ်ယူမှုတွေ ရှိခဲ့တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

“အိန္ဒိယ လိုအပ်ချက်ရှိနေ‌တော့ ပဲစင်းငုံက ဒီနှစ် ဈေးအဖွင့်ကောင်းတယ်။ ၂ လပိုင်းထဲမှာလည်း အိန္ဒိယအစိုးရက သူ့တောင်သူဆီကနေ ပဲစင်းငုံ ဝယ်ယူနိုင်လို့ ဈေးလှုပ်နိုင်သေးတယ်။ ပဲစင်းငုံနဲ့ မတ်ပဲကတော့ ‌ေရရှည်မှာ ဈေးကွက်အလားအလာ ကောင်းနိုင်ပါတယ်” လို့ ပဲကုန်သည်တဦးက သုံးသပ်ပါတယ်။

မတ်ပဲဈေးကလည်း ပြီးခဲ့တဲ့သီတင်းပတ်က FAQ/RC အမျိုးအစား တတန်ကို ၂,၉၂၈,၀၀၀ ကျပ်ထိ အကျရှိခဲ့ပြီး လက်ရှိမှာ ကျပ်သိန်း ၃၀ ဝန်းကျင်ကို ပြန်မြင့်တက်လာပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား ချုပ်ဆိုထားတဲ့ MOU အရ ၂ဝ၂၂-၂၃ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို အိန္ဒိယက ဝယ်ယူတင်သွင်းမှာ ဖြစ်တဲ့အပြင် မကြာသေးခင်ကလည်း မြန်မာမတ်ပဲ တန်ချိန် ၁ဝ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၄ သိန်းကို ၂ဝ၂၄ နှစ်ဆန်းမှာ ဝယ်ယူဖို့ အိန္ဒိယအစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယနိုင်ငံဆီ အဓိကတင်ပို့နေတာ ဖြစ်တဲ့အတွက် အခုလို အိန္ဒိယဘက်က ပဲဝယ်လိုအား ကြီးမားနေတာက မြန်မာ့မတ်ပဲနဲ့ ပဲစင်းငုံဈေးကွက်ကို အားကောင်းလာစေတယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013