DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက် အာဏာမသိမ်းခင်ကထက် ၂ ဆခန့်တိုးလာ
DVB
·
December 27, 2023
ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက် အာဏာမသိမ်းခင်ကထက် ၂ ဆခန့်တိုးလာ
Donate to DVB

မြန်မာနိုင်ငံမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ အရေအတွက်ဟာ စစ်အာဏာမသိမ်းခင်ကထက် နှစ်ဆနီးပါး တိုးလာတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာ ရှိခဲ့ပေမဲ့ အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ အေဂျင်စီ ၅၂၄ ခုရှိပြီလို့ အလုပ်သမား ဝန်ကြီးဌာနက နောက်ဆုံးစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလထဲမှာ အေဂျင်စီအသစ် ၅ ခုနဲ့ နိုဝင်ဘာလမှာ ၂၁ ခု ထပ်တိုးဖွင့်လှစ်လုပ်ကိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာ၊ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်း မမျှတတာတွေကြောင့် ပြည်ပသွားရောက်လုပ်ကိုင်လိုသူတွေ များလာတာနဲ့အမျှ အေဂျင်စီအသစ် ဖွင့်လှစ်လုပ်ကိုင်တဲ့ အရေအတွက် တိုးလာတာလို့ အဲဒီ လုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “အေဂျင်စီတွေ များလာလို့ အလုပ်သမား ပိုပို့နိုင်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ အလုပ်သမားမပို့နိုင်ဘဲ လိုင်စင်နဲ့ လိမ်လည်ဖို့ ဝင်လာတာမျိုးတွေ မဖြစ်အောင်တော့ သက်ဆိုင်ရာက သတိထားကြပ်မတ်ဖို့ လိုမယ်” လို့ ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ်တွေဟာ စစ်ကောင်စီခန့် အရင်အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း လက်ထက်ကစလို့ တရှိန်ထိုး များလာတာလို့ အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။

အေဂျင်စီလုပ်ငန်းရှင်တဦးက “ဒေါက်တာပွင့်ဆန်းက UMFCCI က သူ့လုပ်ဖော်ကိုင်ဘက် သူဌေးတွေကို လိုင်စင်လျှောက်ခိုင်းတာ။ ဒီကာလက နိုင်ငံခြားသွားချင်တဲ့သူတွေက များတော့ ခွင်ပဲဆိုပြီး ဝင်လာကြတာ။ အများစုက လုပ်ငန်းအကြောင်း နားမလည်ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်ပသွားရောက်လုပ်ကိုင်သူ များနေပေမဲ့ တဖက်နိုင်ငံက လုပ်သားခေါ်ယူမှုက အကန့်အသတ် ရှိနေတာကြောင့် လုပ်သက်ရင့် အေဂျင်စီတွေကိုယ်တိုင် ရုန်းကန်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေဂျင်စီတချို့ဟာ အလုပ်သမား ကြိုတင်စုဆောင်းကာ ဝန်ဆောင်ခ ရယူထားပြီး သက်မှတ်ကာလ ကျော်လွန်တဲ့အထိ မစေလွှတ်နိုင်လို့ ပြဿနာဖြစ်တာတွေ အများအပြား ရှိနေတယ်လို့ အေဂျင်စီအသိုက်အဝန်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013