DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီး ယာယီထပ်ပြတ်မည့်အပေါ် ဝေဖန်မှုမြင့်တက်
DVB
·
December 27, 2023
ရန်ကုန်တွင် လျှပ်စစ်မီး ယာယီထပ်ပြတ်မည့်အပေါ် ဝေဖန်မှုမြင့်တက်
Donate to DVB

ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ကုန်မှာ လျှပ်စစ်မီး ထပ်ပြီး ယာယီပြတ်တောက်မယ်ဆိုတဲ့ ကြေညာချက်အပေါ် လူထုရဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ဖို့အတွက် ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု ၁၀၀ MW လျှော့ချမှာဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်ကနေ ဇန်နဝါရီ ၂ ရက်ထိ ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်မီး ယာယီပြတ်တောက်မယ်လို့   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာထားတာပါ။ 

ရန်ကုန်ရဲ့ လျှပ်စစ်ပေးဝေနေမှုက ၄ နာရီ အလှည့်ကျ မီးပေးဝေတဲ့ စနစ်ဖြစ်ပေမဲ့ မီးပေးတဲ့ အချိန်မမှန်တဲ့အတွက်  မီးပျက်ချိန်တွေ ပိုများနေတာလည်းဖြစ်ပါတယ်။

အခုလို ထပ်မံပြီး မီးပြတ်မယ့်ကြေညာချက်အပေါ် အခက်အခဲတွေနဲ့ ကုန်ကျစရိတ်တွေ ပိုများလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်၊

“အခုလို မီးတွေပျက်လာတော့က ကုန်ကျစရိတ်တွေကလည်း ပိုများလာတာပေါ့။ လူတွေပိုပင်ပန်းတယ်၊ ငွေလည်း ကုန်တယ်၊ နောက်ပြီးတော့ အခုလိုအချိန်မှာက ခက်ခဲတာပေါ့။ ဒီလို ဆီတွေကလည်း တန်းစီနေတာ ဝယ်ဖို့က၊ မီးစက်နှိုးဖို့ဆိုရင်တောင် လွယ်လွယ်ကူကူနဲ့ ဝယ်မရတဲ့ အခြေအနေမှာရှိနေတာ မီးတွေပျက်တော့ ကလေးတွေအတွက် ထမင်းချိုင့် ထည့်ရတာတောင် ခက်ခဲတယ်။ ဝယ်ရတယ်၊ အပြင်မှာဝယ်ကျွေးရတော့မယ်၊ ပိုက်ဆံက ပိုကုန်တာပေါ့။”

အသေးစားနဲ့ အလတ်စားတို့လို တနိုင်တပိုင်လုပ်ငန်းတွေအနေနဲ့ကလည်း လျှပ်မီးကို အားထားပြီး လုပ်ကိုင်နေရတာဖြစ်လို့ လျှပ်စစ်မီးထပ် ပြတ်မှာကို စိတ်ပူပန်နေကြပါတယ်။

ထုတ်ပိုးမှုတွေမှာ လျှပ်စစ်မီးကို အားကိုးပြီး လုပ်ကိုင်နေရပေမယ့် မီးစက်အတွက် စက်သုံးဆီ ဝယ်မရတဲ့အခက်အခဲကလည်း ရှိနေလို့ လုပ်ငန်းမှာ ထိခိုက်နစ်နာမှုတွေ ရှိတယ်လို့ တနိုင်တပိုင် စားသောက်ကုန်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“Production တွေ မနိုင်တော့ဘူး။ မီးက ၂၄ နာရီလုံး မရနေဘူးဆိုရင် အစ်မတို့ ဒုက္ခရောက်မယ်ပေါ့။ အော်ဒါတွေ နည်းနည်းနောက်ဆုတ်ကုန်တာမျိုးတွေရှိတယ်။ management ကို ကိုယ့်ဘာကိုယ်ပဲ ချလိုက်တယ်၊ ရိုးရိုးမီးနဲ့ ထုတ်လို့ရအောင် လေ့ကျင့်ကြတယ်။ second option တခုကို အစ်မတို့ စဉ်းစားရတာပေါ့။ အခုဟာက မီးစက်နဲ့ run ရင်တောင် မီးစက်အတွက် ဆီက မရှိဘူး အာ့လိုမျိုးတွေပေါ့။”

ဓာတ်အားလိုင်းတွေ ပြုပြင်ဖို့ ဓာတ်အားထုတ်လုပ်မှု လျော့ကျတာမျိုးက ပုံမှန်အခြေအနေမှာ ဖြစ်နိုင်ပေမယ့် စစ်ကောင်စီလက်အောက်မှာတော့ သတင်းမှန်ကန်မှု ရှိ မရှိ မသေချာဘူးလို့ CDM  လျှပ်စစ်ကျွမ်းကျင် အင်ဂျင်နီယာတယောက်က သုံးသပ်ပြောပါတယ်၊

“ဒီသတင်းက အမှန်ဆိုရင်တော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စမျိုးပါ။ တခါတလေ ပိုက်လိုင်းတွေ အရေးပေါ်ပြင်ဖို့ လိုတဲ့အခါမျိုးမှာ ဒီလိုပဲ shut down လုပ်ပြီး ပြင်ရလေ့ရှိတယ်။ အဲ့ဒီအတွက် ဓာတ်အားထုတ်လုပ်မှု လျော့သွားတာမျိုး ဖြစ်ပါတယ်။ တခုပဲ စကစ ကို အယုံအကြည် မရှိတော့ အဲ့ဒီ သတင်း မှန်၊ မမှန်ကိုတော့ အတိအကျ မပြောနိုင်ပါဘူး။ ဘယ်နေရာတွေကို ဘယ်လောက် ပျက်မယ်ဆိုတာ အတပ် မပြောနိုင်ဘူးလေ။ အခုက သူတို့က မီးဖျက်ချင်သလို ဖျက်နေတာမို့ပေါ့။ ဘယ်လောက်ထိ ပြတ်မယ်ဆိုတာ မသေချာဘူး၊ ဒါပေမယ့် တမြို့လုံးနီးပါး မီးမပျက်ပါဘူး။”

တနိုင်ငံလုံးအနေအထားအရ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မှုက အာဏာမသိမ်းခင် အချိန်တုန်းကထက် ထက်ဝက်နီးပါး လျော့ကျလာတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ တနိုင်ငံလုံး လျှပ်စစ်မီး ရရှိခဲ့မှုအခြေအနေက  ၆၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ခဲ့ပြီး အခု ၂၀၂၃ အာဏာသိမ်းမှု နောက်ပိုင်းမှာ‌တော့ ၃၆ ရာခိုင်နှုန်းပဲ ရရှိနိုင်တယ်လို့ သိရပါတယ်။

 ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013