DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ်၌ စစ်တပ်မီးရှို့သွားသည့် အိမ်ခြေ ၁၅၈ လုံးအတွက် စောင်များလှူဒါန်း (ဓာတ်ပုံ)
DVB
·
December 27, 2023
ဆားလင်းကြီးမြို့နယ်၌ စစ်တပ်မီးရှို့သွားသည့် အိမ်ခြေ ၁၅၈ လုံးအတွက် စောင်များလှူဒါန်း (ဓာတ်ပုံ)
1 / 17
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ စစ်တပ်မီးရှို့သွားတဲ့ မီးလောင်အိမ်ခြေ ၁၅၈ အိမ်က မိသားစုတွေအတွက် ဒီဇင်ဘာ ၂၆ ရက်က စောင်တွေ လှူဒါန်းပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရပါတယ်။

ညောင်ပင်ကြီးကျေးရွာအုပ်စုမှာ စစ်တပ်မီးရှို့ခံရတဲ့ အိမ်ခြေ ၆၅၀ ရှိပြီး ပထမအကြိမ်မှာ အိမ်ခြေ ၆၂ လုံး၊ ဒုတိယအကြိမ်မှာ အိမ်ခြေ ၁၇၀၊ တတိယအကြိမ်မှာ အိမ်ခြေ ၂၆၀၊ စတုတ္ထအကြိမ်မှာ ၁၅၈ အိမ်အတွက် အသီးသီးလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက “ခုလိုမျိုး လှူဒါန်းနိုင်ဖို့ စောင်အထည် ၄၀၀ ကျော် လှူဒါန်းပေးတဲ့ Central Valley Families California USA နဲ့ USA ရောက် မြန်မာမိသားစုများအား ကျေးဇူးအထူးတင်ရှိပါတယ်၊ လှူဒါန်းနိုင်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကျနော်တို့ရဲ့ပြည်သူတွေ ဒီဆောင်းကို အန်တုနိုင်ပြီ ဖြစ်ပါတယ်။ ပြည်သူမှ ပြည်သူပေးသော မေတ္တာအနွေးဓာတ်များနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင် တိုက်ပွဲဝင်ပေးကြဖို့ တောင်းဆိုလိုပါတယ်ဗျ” လို့ ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးနေတယ့်အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013