DVB Logo
Home
နိုင်ငံတကာ
ပင်လယ်နီတွင် ကွန်တိန်နာသင်္ဘော ၁ စီးကို ဟူသီသူပုန်အဖွဲ့က ဒုံးကျည်ဖြင့် တိုက်ခိုက်
DVB
·
December 27, 2023
ပင်လယ်နီတွင် ကွန်တိန်နာသင်္ဘော ၁ စီးကို ဟူသီသူပုန်အဖွဲ့က ဒုံးကျည်ဖြင့် တိုက်ခိုက်
Donate to DVB

ယီမင်နိုင်ငံရှိ အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ဟာ ဒီဇင်ဘာ ၂၆ ရက်က ပင်လယ်နီရှိ ကွန်တိန်နာသင်္ဘောတစီးကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောပါတယ်။

ဆော်ဒီအာရေဗျကနေ  ပါကစ္စတန်ကို ပြေးဆွဲနေတဲ့ ယူနိုက်တက်-၈ သင်္ဘော တိုက်ခိုက်ခံရမှုကနေ သူ့သင်္ဘောအမှုထမ်းတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း MSC မြေထဲပင်လယ် ကွန်တိန်နာပို့ဆောင်ရေး သင်္ဘောကုမ္ပဏီက ပြောပါတယ်။

သူ့သင်္ဘောအနီးနားရှိ မဟာမိတ်ရေတပ် စစ်သင်္ဘော တိုက်ခိုက်ခံရကြောင်း MSC သင်္ဘောက အကြောင်းကြားခဲ့ပြီး သူ့သင်္ဘောလည်း လွတ်အောင် ရှောင်တိမ်းမောင်းပြေးခဲ့ရကြောင်း ဆိုပါတယ်။

ဗြိတိန်ရဲ့ ယူနိုက်တက်ကင်းဒမ်း ရေကြောင်းကုန်သွယ်မှုစစ်ဆင်ရေး အာဏာပိုင်အဖွဲ့ကလည်း ယီမင်ကမ်းလွန် ပင်လယ်နီမှာ သင်္ဘောအနီးအနား ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပါဝင်တဲ့ ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ကြောင်း အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်း ဆိုပါတယ်။

MSC ယူနိုက်တက်သင်္ဘောမှ သင်္ဘောသားတွေဟာ သတိပေးချက်တွေကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ သူတို့အဖွဲ့ဟာ အဲ့ဒီသင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

ဒါ့အပြင် ဟူသီတွေဟာ အစ္စရေးရှိ အေးလာ့ထ်မြို့နဲ့ တခြားနေရာတွေကို ပစ်မှတ်ထား စစ်ဆင်ရေး  လုပ်ဆောင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပစ်မှတ်တွေကို အောင်မြင်စွာ ထိမှန်ခြင်း ရှိ၊ မရှိကိုတော့ မပြောကြားခဲ့ပါဘူး။

ယီမင်မြို့တော် အပါအဝင် နိုင်ငံရဲ့နေရာ အများအပြားကို ထိန်းချုပ်ထားတဲ့ ဟူသီတွေဟာ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ အောက်တိုဘာလကတည်းက အစ္စရေးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့  ဒါမှမဟုတ် အစ္စရေးကို ရွက်လွှင့်နေတဲ့ ပင်လယ်နီရှိ ကုန်ကူးစီးပွားရေးသင်္ဘောတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဟူသီသူပုန်တွေရဲ့ သင်္ဘောတိုက်ခိုက်တာတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ ပင်လယ်နီမှာ နိုင်ငံစုံ ရေကြောင်းလုံခြုံရေး စီမံချက်ကို ပြီးခဲ့တဲ့ တပတ်က ကြေညာခဲ့ပါတယ်။

Source/Photo-Reuters/Aris Martinez

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013