DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြို့နယ်အချို့တွင် စစ်တပ်က စစ်ကြောင်းထိုးတပ်စွဲပြီး PDF တပ်ဖွဲ့ဝင်များကို စီးနင်းရှာဖွေ
DVB
·
December 27, 2023
ဧရာဝတီတိုင်း မြို့နယ်အချို့တွင် စစ်တပ်က စစ်ကြောင်းထိုးတပ်စွဲပြီး PDF တပ်ဖွဲ့ဝင်များကို စီးနင်းရှာဖွေ
Donate to DVB

ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းက မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ ရှိနေတယ်ဆိုပြီး ဒီဇင်ဘာ ၂၅ ရက်ကစတင်ကာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး တပ်စွဲပြီး ရှာဖွေနေတာကြောင့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်၊ ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ငပုတောနဲ့ သာပေါင်း စတဲ့မြို့ နယ်တွေမှာ PDF တွေ ဝင်ရောက်တပ်စွဲနေတယ်ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်းတကြောင်းကို အင်အား အနည်းဆုံး အယောက် ၃၀ လောက်နဲ့  ၅ ကြောင်းထက်မနည်း စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ကြံခင်းမြို့နယ်က ဒေသခံတယောက်က "ဒီရက်ထဲ ခပ်စိတ်စိတ် စစ်ကြောင်းထိုးလာတာ တွေ့ရတယ်။ သူတို့က ဒီလိုလုပ်လာတဲ့အခါကျတော့ အခုလုပ်နေတဲ့ လယ်တွေ၊ ယာတွေကို ဒီအတိုင်းပစ်ထားခဲ့ပြီးတော့ ဆွေမျိုးတွေနဲ့ မိသားစု အသိမိတ်ဆွေတွေဆီကို ရှောင်နေရတယ်။ မပြေးနိုင် မရှောင်နိုင်တဲ့သူတွေလည်းရှိတယ်။ အလုပ်အကိုင် အဆင်မပြေရတဲ့အထဲ ဒီလိုလုပ်လာတော့ တော်တော်အခြေအနေ မကောင်းပါဘူး။ အခုရက်ထဲဆို မြန်အောင်နဲ့ ကြံခင်း မြို့နယ်မှာ စစ်ကြောင်းထိုးတာအပြင် တပ်စွဲတာတွေပါ လုပ်လာတယ်'' လို့ ပြောပါတယ်။

အဲ့ဒီ ရခိုင်ရိုးမနဲ့နီးတဲ့ ဧရာဝတီတိုင်းက သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေက ကျေးရွာတွေကို ခမရေ ၁၀၈၊ ခလရ ၃၆၊ ခလရ ၅၁ နဲ့ အမတ ၃၄၄ တပ်ရင်းတွေက စစ်ကြောင်းထိုးတာနဲ့ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူ ဒေသခံတယောက်က ''သူတို့ကတော့ ထုံးစံအတိုင်းပေါ့ဗျာ၊ စစ်ကြောင်းထိုးတာအပြင် PDF တွေကို ဝှက်ထားပေးတယ်ဆိုပြီး ဒေသခံတွေရဲ့အိမ်တွေကို ဝင်မွှေနှောက်ရှာဖွေတာ။ ဆဲတာ၊ ဆိုတာ အမျိုးသားလူငယ်လေးတွေဆို ရိုက်နှက်တာတွေ လုပ်နေတာ။ အဲဒီတော့ ဒေသခံတွေက ဘယ်ကိုယ့်အိမ်ကိုယ် နေရဲကြမလဲ။ မနေရဲရင် မသင်္ကာလို့ဆိုပြီး ဖမ်းပြန်တာ။ ၂၅ ရက်ကနေ မနေ့ ၂၆ ရက်အထိ ကြံခင်းဘက်မှာ ဝင်ရောက်ဝင်ရောက်စီးနင်းခံရတဲ့ အိမ် ၁၀ လုံးထက်က မနည်းဘူး။ PDF ၁ ယောက်မှလည်း သူတို့မမိဘူး''လို့ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် ဒီဇင်ဘာ ၂၅ ရက်ကနေ မနေ့ ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းအထိ စစ်ကြောင်းထိုးတဲ့ ရွာတွေ၊ တပ်စွဲတဲ့ ရွာတွေကနေ အခြား ဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ပြည်သူအယောက် ၄၀၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယပတ်ကလည်း ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ခွဲ၊ ဆင်မလိုက်ရွာနဲ့ ရွာသာယာရွာအနီးက ရိုးမတောမှာ မျှစ်ချိုး၊ ဝါးခုတ်နဲ့ မီးသွေးဖုတ်လုပ်ငန်းလုပ်နေတဲ့ ဒေသခံ ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013