DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား စိုက်ပျိုးမွေးမြူသူများအကြား တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁၃ ဦးထိ မြင့်တက်
DVB
·
December 27, 2023
နိုင်ဂျီးရီးယား စိုက်ပျိုးမွေးမြူသူများအကြား တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁၃ ဦးထိ မြင့်တက်
Donate to DVB

နိုင်ဂျီးရီးယားအလယ်ပိုင်း ပလက်တိုးပြည်နယ်မှာ ဒီသီတင်းပတ်ကုန်က တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူဦးရေဟာ ၁၁၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတဦးက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ခရစ္စမတ်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း အသက်ဘေးလွတ်မြောက်လာသူ ခရစ္စတီယန် အီမန်နျူယယ်က ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

သူဟာ ခြေသလုံးအိမ်တိုင် မွေးမြူရေးသမားတွေရဲ့ တိုက်ခိုက်မှုကနေ သေချင်ဟန်ဆောင်ကာ လွတ်မြောက်လာခဲ့တာဖြစ်ပြီး အခုတော့ အယ်လ်ဟဲရီ ဘိုးဘွားရိပ်သာမှာ ဆေးကုသမှု ခံယူနေပါတယ်။

ပလက်တိုးပြည်နယ် အုပ်ချုပ်ရေးမှူးက အကြောင်းပြချက် မည်မည်ရရမရှိတဲ့ အကြမ်းဖက်မှုလို့ ခေါ်ဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း နေအိမ်တွေ၊ မော်တော်ကားတွေနဲ့ ဆိုင်ကယ်အများအပြား မီးလောင်သွားကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဘိုလာ တီနုဘုက ဒီတိုက်ခိုက်မှုတွေဟာ အရိုင်းခေတ်ဆန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့အတွက် တာဝန်ရှိတဲ့သူတွေကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ ဒီမလုံခြုံမှုကို ဘယ်လိုကိုင်တွယ်ဖို့ ကြံစည်တွေးတောထားတယ် ဆိုတာကိုတော့ ထုတ်မပြောထားပါဘူး။

နွားမွေးမြူသူတွေနဲ့ လယ်သမားတွေအကြား ခိုက်ရန်ဖြစ်ပွားလေ့ရှိတဲ့ ပလက်တိုးပြည်နယ်မှာ စိုက်ပျိုးသူ-မွေးမြူသူ တိုက်ခိုက်မှုတွေမှာ မေလကတည်းက လူပေါင်း ၁၀၀ ကျော် သေဆုံးထားတဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပွားနေခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ လူ ၂၀၀ ကျော် သေဆုံးခဲ့ရတဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်း သွေးထွက်သံယို အပြင်းထန်ဆုံး အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013