DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ ပျဉ်သာစခန်းသိမ်းတိုက်ပွဲ၌ CDF-မင်းတပ် စစ်ကြောင်းမှူး ကျဆုံး
DVB
·
December 26, 2023
ဂန့်ဂေါ ပျဉ်သာစခန်းသိမ်းတိုက်ပွဲ၌ CDF-မင်းတပ် စစ်ကြောင်းမှူး ကျဆုံး
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း မြစ်သာမြစ်ပေါ်ရှိ ပျဉ်သာစခန်းသိမ်းတိုက်ပွဲမှာ CDF-မင်းတပ်က စစ်ကြောင်းမှူးတဦး ကျဆုံးခဲ့တယ်လို့ CDF-မင်းတပ်က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ပျဉ်သာစခန်းသိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၂၂ ရက် မနက်က ဂန့်ဂေါခရိုင် PDF တပ်ဖွဲ့တွေနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတိုက်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း CDF-မင်းတပ်ရဲ့ စစ်ကြောင်းမှူးဖြစ်သူ အသက် ၂၀ အရွယ် ဆလိုင်းတမ်လိန်း ကျဆုံးခဲ့ပါတယ်။

CDF-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က “သူက ကျနော်တို့တပ်ဖွဲ့က အရမ်းအားထားရတဲ့ စစ်ကြောင်းမှူးပေါ့နော်။ ဆောင်းကာလ သင်တန်းတွေ ဖွင့်တဲ့အခါ သင်တန်းဆရာတယောက်အနေနဲ့ တာဝန်ယူခဲ့တယ်ပေါ့နော်။ ရဲဘော်တိုင်းက ကျနော်တို့အတွက် အစားထိုးလို့မရပါဘူး။ သူကလည်း အဲ့ဒီထဲက တယောက်ပေါ့။ စခန်းသိမ်းပွဲမှာ စစ်ကြောင်းမှူးက သူကိုယ်တိုင် ဦးဆောင်ပြီးတော့မှ ဘန်ကာတွေကို တိုက်ခဲ့တာပေါ့။ စခန်းသိမ်းမှုမှာ သူက အဓိက အခရာကျခဲ့တယ်လို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်နဲ့ မကွေးတိုင်းက စခန်းသိမ်းတိုက်ပွဲတွေမှာ ဒီဇင်ဘာလအတွင်း CDF-မင်းတပ်က ရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013