DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေ ပေးသွင်းရမည့် သတ်မှတ်ကာလကို စစ်ကောင်စီက ထပ်တိုးကန့်သတ်
DVB
·
December 26, 2023
ပို့ကုန်ရငွေ ပေးသွင်းရမည့် သတ်မှတ်ကာလကို စစ်ကောင်စီက ထပ်တိုးကန့်သတ်
Donate to DVB

နိုင်ငံခြားငွေ ဒေါ်လာ လိုအပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ လုပ်ငန်းရှင်တွေ ပြည်ပပို့ကုန် တင်ပို့ပြီး ပို့ကုန်လုပ်ငန်းရငွေ ပြန်ပေးသွင်းရမယ့် သတ်မှတ်ကာလကို  ထပ်တိုးကန့်သတ်လိုက်ပါတယ်။

စစ်ကောင်စီက ပို့ကုန်တင်ပို့သူရဲ့ပို့ကုန်ရငွေကို  အရင်က အာရှနိုင်ငံ‌တွေကို တင်ပို့တဲ့ ပို့ကုန်‌တွေအတွက် ပို့ကုန်တင်ပို့တဲ့နေ့ကစပြီး ၄၅ ရက်နဲ့ အာရှနိုင်ငံပြင်ပ တခြားနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်‌တွေအတွက် ရက်ပေါင်း ၉၀ အတွင်း ပြန်လည်ဝင်ရောက်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။

အခုအခါ အာရှနိုင်ငံ ပို့ကုန်တွေအတွက်  တစ်လ (ရက်၃၀)၊ အာရှနိုင်ငံပြင်ပအတွက် နှစ်လ (ရက် ၆၀) အတွင်း နိုင်ငံအတွင်းက ပို့ကုန်တင်ပို့သူရဲ့ ဘဏ်ငွေစာရင်းကို မပျက်မကွက် ထည့်သွင်း ရမယ်လို့ ပြင်ဆင်သတ်မှတ်လိုက်တာပါ။

ဒီသတ်မှတ်ချက်က ဒီဇင်ဘာ ၂၅ ရက် စတင် အကျုံးဝင်မယ်လို့  စစ်ကောင်စီဗဟိုဘဏ် ဥက္ကဋ္ဌ ​ဒေါ်သန်းသန်း​ဆွေက လက်မှတ်​ရေးထိုးပြီး ထုတ်ပြန်ထားတာပါ။

သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေ ထည့်သွင်းခြင်း မရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့လည်း  စစ်ကောင်စီဗဟိုဘဏ်က သတိပေးထားပါတယ်။

မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတွေကတော့ စစ်ကောင်စီဟာ ဒေါ်လာလိုအပ်ချက် များနေတာကြောင့် အခုလို ပို့ကုန်ရငွေတွေအပေါ် ထပ်တိုးကန့်သတ်တာတွေ လုပ်ဆောင်လာတာလို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီဘက်ကတော့ ပို့ကုန်ရငွေ‌တွေ ပြန်လည်ပေးသွင်းခြင်းဖြင့် ပြည်တွင်းမှာ မဖြစ်မနေ လိုအပ်နေတဲ့ သွင်းကုန်တွေ တင်သွင်းနိုင်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit- Myanma Port Authority

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013