DVB Logo
Home
မြန်မာသတင်း
၃၁ ထပ်တိုက်ပေါ်မှ ခုန်ချမည့် အမျိုးသား ၁ ဦးကို မန္တလေးမီးသတ် ကယ်တင်
DVB
·
December 25, 2023
၃၁ ထပ်တိုက်ပေါ်မှ ခုန်ချမည့် အမျိုးသား ၁ ဦးကို မန္တလေးမီးသတ် ကယ်တင်
Donate to DVB

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်းနဲ့ ၃၈လမ်းx၃၉လမ်းကြား၊ မဟာအောင်မြေ အနောက်ရပ်ကွက်၊ အကွက်အမှတ် ၅၂၄ ရှိ Grand Park ဟိုတယ်ရဲ့ ၃၁ ထပ်အမြင့်ကနေ ခုန်ချမယ့် အမျိုးသားတဦးကို ဒီဇင်ဘာ ၂၄ ရက် ညမှာ မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အဲ့ဒီနေ့ ညနေပိုင်း ၅ နာရီလောက်မှာ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတဦးဟာ ဟိုတယ်အပေါ်ထပ်ရှိ ရေကူးကန်သွားမလို့ဆိုကာ ဝင်ရောက်ခဲ့ပြီး ညနေ ၆ နာရီလောက်မှာ တိုက်အပေါ်ဆုံးထပ် အစွန်းဘက်ရှိ စတီးကြိုးတပ်မောင်းတံပေါ်မှ ခုန်ချဖို့ မတ်တပ်ရပ်နေခဲ့ပါတယ်။

မဏီစလအသင်း တာဝန်ရှိသူတဦးက “ဖြစ်စဉ်နေရာအထိကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က တက်ရောက်ကယ်ဆယ်ခဲ့တာပါ။ အဲ့လူတက်သွားတာကို လုံခြုံရေးတွေတောင် မသိလိုက်ဘူး။ ဟိုတယ်ကိုလာတဲ့လူတွေက သိလို့ အကြောင်းကြားတာပါ။ အဲ့နေရာက ကန့်သတ်နေရာ တက်ခွင့်မရှိပါဘူး။ ၃၁ ထပ် မန္တလေးမှာတော့ အမြင့်ဆုံးပဲ။ ဖြစ်တာက ရေကူးကန်ကနေ ဘား၊ ဘားကနေ အပေါ်ဆုံးမှာပါ” လို့ ပြောပါတယ်။

ဟိုတယ်မှာရှိနေသူတွေက သိရှိခဲ့တာကြောင့် မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ခဲ့ပြီး မန္တလေးတိုင်းမီးသတ်နဲ့ မဟာအောင်မြေမီးသတ်က လာရောက်ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းမီးသတ်အဖွဲ့ဝင်တဦးက “သူက စိတ်ကျန်းမာရေးချို့တဲ့နေတယ်။ ၅ နာရီလောက်က ဟိုတယ်ကို ရေကူးမယ်ဆိုပြီး ရောက်လာပြီးတော့ ရေမကူးဘဲ တက်သွားတာ။ ပြန်ကယ်ခဲ့ပုံကတော့ သူ့ရဲ့အခက်အခဲကို မေးပြီးတော့ စည်းရုံးရတာပါ။ သူ့ကို စကားပြောပြီးတော့ အာရုံလွှဲတယ်။ ပြီးတော့ ဆွဲခေါ်လိုက်ရတာပါ” လို့ ပြောပါတယ်။

ခုန်ချမယ့်အမျိုးသားနဲ့ ၁ နာရီကျော်လောက် ဆွေးနွေးခဲ့ပြီးချိန်မှာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးဘဲ မဟာအောင်မြေရဲတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခု အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းတံတားပေါ်ကနေ ခုန်ချမယ့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးကို စမ်းချောင်းမီးသတ်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013