DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်-ရေး-ထားဝယ်လမ်းတွင် ခမရ ၄၀၆ ၏ တပ်ပြောင်း စစ်သုံးပစ္စည်းများ ဖမ်းမိ
DVB
·
December 25, 2023
မော်လမြိုင်-ရေး-ထားဝယ်လမ်းတွင် ခမရ ၄၀၆ ၏ တပ်ပြောင်း စစ်သုံးပစ္စည်းများ ဖမ်းမိ
Donate to DVB

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမတလျှောက် နယ်မြေစိုးမိုးရေး စစ်ဆေးဆောင်ရွက်နေတဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီလက်အောက်ခံ ခမရ ၄၀၆ တပ်ပြောင်းပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစီးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒုစစ်ဒေသခွဲ တောင်ပိုင်းဆီက သိရပါတယ်။

မနေ့မနက် ၉ နာရီခွဲလောက်က ရေးမြို့နယ်အတွင်းရှိ ကနင်ကမော့နဲ့ အောင်သာယာကြား ပရယ်သားနေရာမှာ ပူးပေါင်းတပ်ဖွဲ့တွေက ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်တွေကို လုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ရာမှာ ခမရ ၄၀၆ တပ်ပြောင်းအတွက် စစ်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ လိုက်ထရပ်ယာဉ်တစီးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လိုက်ထရပ်ယာဉ်နဲ့အတူ စစ်ယူနီဖောင်း၊ စစ်ဝတ်တန်ဆာပလာ၊ ဆိုင်ကယ်နှစ်စီး၊ အိုးခွက်ပုဂံ၊ အဝတ်အစား၊ ရေခဲသေတ္တာနဲ့ စာရွက်စာတမ်းတချို့ ပါဝင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုတော့ စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒုစစ်ဒေသခွဲ တောင်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုကားလမ်းမကြီးတလျှောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် နေ့စဉ် စစ်ဆေး ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ပစ္စည်းအသုံးအဆောင်တွေကို ခရီးသည်တင်ယာဉ်တွေ၊ အရပ်ဘက်သုံး မော်တော်ယာဉ်တွေနဲ့သာ ရွှေ့ပြောင်းနေရပါတယ်။

ဒေသခံယာဥ်မောင်းတဦးက “တော်လှန်ရေးဘက်က ပြောဆိုတာမှန်ပေမဲ့ တခါတရံ မထင်မှတ်ထားတဲ့ စစ်တပ်ဘက်က အရပ်ဘက်ကားကို သုံးလာခဲ့ရင် မဖြစ်မနေ ရှောင်လွှဲလို့မရနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ အဲဲဒါမျိုးဆို ကားသမားတွေအနေနဲ့က ဘာမှ ပြောဆိုပိုင်ခွင့်မရှိဘူး။ အခုနောက်ပိုင်းမှတော့ အရပ်သားကားကို အသုံးပြုလာတာ သိပ်မတွေ့ရဘူး” လို့ ပြောပါတယ်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေ တင်ဆောင်တာမျိုး မပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေမှာ လိုက်ပါစီးနင်းတာမျိုး မပြုလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013