DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် ရဲ ၄ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
DVB
·
December 25, 2023
ပလက်ဝတွင် ရဲ ၄ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရဲစခန်းက ရဲ ၄ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့ပြီး နောက်ထပ် အလင်းဝင်ဖို့ ဆက်သွယ်လာသူတွေလည်း ရှိတယ်လို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး ဆမီးမြို့ပေါ်ရဲစခန်းက တပ်ကြပ် ဦးလှထွန်း၊ တပ်ကြပ် ဦးယိုးသိန်း၊ ဒုတပ်ကြပ် ဦးလိုင်သိန်းနဲ့ တပ်သား ဦးပီတာလင်းတို့ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝဆီကို အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

သူတို့မှာ G3 သေနတ် ၃ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည်ဆန် အတောင့် ၄၈၀၊ 94 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် အတောင့် ၂၀၀ တို့ ပါလာခဲ့ပြီး ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ ဥက္ကဋ္ဌက ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ပါတယ်။

နောက်ထပ် ပြည်သူ့ရင်ခွင်အလင်းဝင်မယ့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်း ပါပါ၊ မပါပါ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ဆုချီးမြှင့်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ပလက်ဝမြို့နယ် ရှင်းလက်ဝ ရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒေသခံ ရဲဝန်ထမ်း ၈ ယောက်ဟာ ပြည်သူနဲ့ရပ်တည်ဖို့ အလင်းဝင်လာခဲ့သလို နိုဝင်ဘာ ၂၉ ရက်ကလည်း ရှင်းလက်ဝကျေးရွာ အခြေစိုက် စစ်ကောင်စီ ဗျူဟာ- ၃၊ ခလရ- ၂၉၉ က ဒုတပ်ကြပ် ၁ ယောက်နဲ့ ရဲဘော် ၁ ယောက်တို့ အလင်းဝင်ခဲ့ပါသေးတယ်။

ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်အလင်းဝင်သူတွေကို လုံခြုံတဲ့နေရာတွေဆီ ပို့ဆောင်ထားပြီးပြီလို့လည်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013