DVB Logo
Home
မြန်မာသတင်း
မိုဆိုရွာအနီး စစ်တပ်၏ မီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူများအတွက် တရားမျှတမှုရရန် ဆက်လုပ်မည်
DVB
·
December 25, 2023
မိုဆိုရွာအနီး စစ်တပ်၏ မီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူများအတွက် တရားမျှတမှုရရန် ဆက်လုပ်မည်
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး စစ်ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် နစ်နာသူတွေ တရားမျှတမှုရရှိဖို့ ဆက်လုပ်သွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကြေညာပါတယ်။

မိုဆိုရွာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု ၂ နှစ်ပြည့်တဲ့နေ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က အမျိုးသမီးတွေ၊ အသက်မပြည့်သေးတဲ့ ကလေးတွေ အပါအဝင် စစ်ရှောင်ပြည်သူ ၄၀ ကျော်၊ နယ်ခြားစောင့်တပ်သား ၄ ဦးနဲ့ Save The Children ဝန်ထမ်း ၂ ဦးတို့ကို စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းက အကြမ်းဖက် မီးရှို့သတ်ဖြတ်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ကျူးလွန်သူ စစ်ကောင်စီတပ်တွေဟာ အခုချိန်ထိ ပြစ်ဒဏ်ကျခံခြင်းကနေ ကင်းလွတ်နေဆဲဖြစ်ပြီး ကရင်နီပြည်က စစ်ကောင်စီရဲ့ တခြားရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့နဲ့ အပြစ်ပေးနိုင်ရေးအပြင် နစ်နာသူတွေအတွက် တရားမျှတမှုရဖို့ ဆက်ဆောင်ရွက်မယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်း အနေနဲ့လည်း စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့နဲ့ ထိရောက်တဲ့ အရေးယူမှုတွေအတွက် ကရင်နီပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြားကာလ အုပ်ချုပ်ရေးကောင်စီက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013