
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ခရစ္စမတ်အကြိုနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် ဆုတောင်းခဲ့ပြီး ခရစ္စမတ်ကာလမှာ စားသုံးသူဝါဒနဲ့ ခရစ္စမတ် ပွဲတော်ကို မရောယှက်ဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “ကျွန်ုပ်တို့ဟာ စစ်ဘေးဒုက္ခသည် ညီအစ်ကို မောင်နှမတွေနဲ့ နီးကပ်နေပါတယ်။ ပါလက်စတိုင်း၊ အစ္စရေး၊ ယူကရိန်း၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု၊ ကျွန်ပြုမှုဒဏ်ကို ခံစားနေရသူတွေလည်း ကျွန်ုပ်တို့ အတွေးထဲမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။
ညနေပိုင်းမှာ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာ ဘတ်စီလီကာမှာ ကျင်းပတဲ့ ခရစ္စမတ်အကြို ဓမ္မသီချင်း သီဆိုပွဲကို ကျင်းပခဲ့ပါတယ်။
Source/Photo-Reuters










