DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ် ဒေသခံ ၇ ဦးအား PDF ကို ထောက်ပံ့ဟု စွပ်စွဲအမှုဖွင့်
DVB
·
December 24, 2023
သံဖြူဇရပ် ဒေသခံ ၇ ဦးအား PDF ကို ထောက်ပံ့ဟု စွပ်စွဲအမှုဖွင့်
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဒေသခံ ၇ ယောက်ကို စစ်ကောင်စီက PDF အဖွဲ့တွေကို ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအပြင် အကြမ်းဖက်မှု အားပေးလှုံ့ဆော်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ 

သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်က အသက် ၃၇ နှစ် အရွယ် ကိုဝေလင်းစိုး(ခ)ဝတုတ်၊ အောင်ဇေယျရပ်ကွက်က အသက် ၃၂ နှစ်အရွယ် ကိုထက်နိုင်ဦး(ခ)ဖိုးတိုနဲ့ အောင်ဇေယျရပ်ကွက်က အသက် ၄၈ နှစ်အရွယ် ဦးကျော်စွာထွန်း(ခ)သားငယ်၊ ကျောင်းပိုင်းရပ်ကွက်က အသက် ၄၇  နှစ်အရွယ် ဦးသန်းဇော်(ခ)ကြက်ခုတ်၊ အောင်သာယာရပ်ကွက်က အသက် ၆၁ နှစ်အရွယ် ဦးအောင်မြင့်(ခ)ဦးမုန်း၊ အောင်မင်္ဂလာရပ်ကွက်က အသက် ၇၀ နှစ်အရွယ် ဦးဖေမြင့်နဲ့ အောင်သာယာရပ်ကွက်က အသက် ၅၀ နှစ်အရွယ် ဦးချမ်းမွန် တို့ဖြစ်ပြီး သူတို့ကို ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်တို့က သံဖြူဇရပ်မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တာလို့ သိရပါတယ်။ 

စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကိုဝေလင်းစိုး(ခ)ဝတုတ်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ - က နဲ့အမှုဖွင့်ထားတယ်။ နောက် ကိုထက်နိုင်ဦး(ခ)ဖိုးတိုနဲ့ ဦးကျော်စွာထွန်း(ခ)သားငယ်တို့ ၂ ဦးကိုတော့ PDF အဖွဲ့တွေကို ဆေးဝါး၊ ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည)/၅၂ (က) နဲ့ အမှုဖွင့်လိုက်တာ။ ဦးသန်းဇော်(ခ)ကြက်ခုတ်ကိုတော့ စစ်တပ်အာဏာသိမ်းတာကို ဆန္ဒပြပွဲတွေမှာ ပါဝင်တယ် ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ - က နဲ့ အမှုဖွင့်တယ်။ 

ဦးအောင်မြင့်(ခ)ဦးမုန်း၊ ဦးဖေမြင့်နဲ့ ဦးချမ်းမွန်တို့ ၃ ယောက်ကို အကြမ်းဖက် အဖွဲ့ဝင်တွေနဲ့ ဆက်နွှယ်ပြီး ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တယ်လို့စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည)/၅၂ (က) ဖြင့် အမှုဖွင့်တာ။ အားလုံးကို  သံဖြူဇရပ်မြို့မရဲ စခန်းမှာပဲ အမှုဖွင့်ထားတာ”လို့ ပြောပါတယ်။ 

အဖမ်းခံရတဲ့သူ ၇ ယောက်မှာ ကျန်းမာရေးမကောင်းသူ ၄ ယောက် ပါဝင်ပြီး PDF အဖွဲ့တွေနဲ့ ဆက်စပ်ပတ်သက်တာ လုံးဝမရှိဘဲ စွပ်စွဲဖမ်းဆီးခံရတာဖြစ်လို့ ပြန်လွှတ်ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က “အထင်နဲ့ ဖမ်းတာ၊ ဘာသက်သေမှလည်း မရှိဘူး။ အခုလို အမှုဖွင့်တာကလည်း ငါနဲ့မတူ ငါ့ရန်သူ လုပ်တာ။ အဖမ်းခံရတဲ့သူတွေကို စစ်ကောင်စီ လက်အောက်ခံတွေက ရိုက်နှက်စစ်ဆေး ဝန်ခံခိုင်းတယ်လို့ သိရတယ်။ မကျန်းမာတဲ့သူတွေပါတော့ မိသားစုတွေက စိတ်ပူနေတယ်” လို့ ပြောပါတယ်။ 

သံဖြူဇရပ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၈ ရက်ကလည်း PDF အဖွဲ့တွေဆီ ရုံးဌာနအတွင်း သတင်းပေးတယ်လို့ဆိုပြီး သံဖြူဇရပ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန် ထမ်းဆောင်ဆဲ ဒုဦးစီးမှူး ဦးအောင်ကို ကို ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။ 

ဒါ့အပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြီးခဲ့တဲ့  နိုဝင်ဘာ ၃၀ ရက်ကလည်း PDF ဆိုသူ လူငယ် ၁ ယောက်ကို ဖမ်းဆီးခဲ့ပြီးနောက် သူ့ကို ဖော်ထုတ်ချက်အရဆိုကာ  NUG/PDF ထောက်ပံ့နေသူတွေလို့ စွပ်စွဲပြီး မြို့ခံအယောက် ၂ဝ ထက် မနည်း ဖမ်းဆီးအရေးယူ စစ်ဆေးခံနေရပြီး ဖမ်းဆီးခံထားရသူတွေထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊ ရွှေလုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်နဲ့ အခြားလုပ်ငန်းရှင်တွေ အများဆုံး ပါဝင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013