DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲကြောင့် ခရစ္စမတ်ပွဲတော်ကို ခရစ်တော်၏ ဇာတိမြို့တွင် မကျင်းပနိုင်
DVB
·
December 24, 2023
စစ်ပွဲကြောင့် ခရစ္စမတ်ပွဲတော်ကို ခရစ်တော်၏ ဇာတိမြို့တွင် မကျင်းပနိုင်
Donate to DVB

တကမ္ဘာလုံးမှာ ခရစ္စမတ်ပွဲတော်ကို ကျင်းပနေပေမယ့် ယေရှုခရစ်တော်ရဲ့ ဇာတိမြို့ ဘက်သလေဟမ်မှာတော့ ခရစ်စမတ်ပွဲကို မကျင်းပနိုင်ဘူးလို့ ပါလက်စတိုင်း ခရီးသွားလုပ်ငန်း ဝန်ကြီး ရူလာ မအာယာက  ပြောပါတယ်။

ဘက်သလေဟမ်မြို့က ဘီဇန်တင်းခေတ်မှာ တည်ဆောက်ခဲ့တဲ့ နပ်တစ်ဗတီ ဘုရားကျောင်း အပြင်ဘက်မှာ ခရစ္စမတ် အကြိုအခမ်းအနားမတိုင်မီ ဒီဇင်ဘာ ၂၄ ရက်မှာ ပြောကြားတာဖြစ်ပြီး အရင်နှစ်တွေက ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်တွေတုန်းက မန်ဂါရင်ပြင်မှာ မီးရောင်တွေ၊ သစ်ပင်တွေ၊ ပျော်စရာ အခင်းအကျင်းတွေ အများကြီး ရှိခဲ့တာပါ။ 

ဒီနှစ်မှာတော့ ပါလက်စတိုင်း ခရစ်ယာန်တွေဟာ ယေရှုခရစ် ဖွားမြင်ရာနေရာမှာ ခါတိုင်းလို ပွဲတော်ကျင်းပမယ့် အစား စနေနေ့မှာ ဘက်သလေဟမ်မြို့မှာ ဖယောင်းတိုင်မီးထွန်းရင်း ဂါဇာမှာ ငြိမ်းချမ်းရေးရဖို့ ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။

“ကံမကောင်းစွာနဲ့ပဲ ဒီနှစ်မှာ ဂါဇာစစ်ပွဲကြောင့် ကမ္ဘာတဝန်းက ခရီးသွားတွေမပါဘဲ ဂါဇာကမ်းမြောင်ဒေသ တခြားနေရာတွေက ပါလက်စတိုင်းသားတွေ မပါဘဲ၊ ခရစ္စမတ်ကို လက်ခံ ရယူနေရတယ်”လို့ ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောပါတယ်။

နှစ်အများစုအတွင်း ဘက်သလေဟမ်မြို့ဟာ ယေရှုရဲ့ တသက်တာ ခရစ်ယာန်ပုံပြင်တွေရဲ့ အချက်အချာ နေရာမှာ တည်ရှိခဲ့တာပါ။ ဘက်သလေဟမ်မြို့ကို ရောက်လာတဲ့ ယေရှုရဲ့ မိဘတွေဟာ တည်းခိုခန်းမှာ နေရာမရှိလို့ မြင်းဇောင်းမှာ ယေရှုကို မွေးဖွားခဲ့ရပြီး ဖြစ်နိုင်သမျှ အိပ်ရာတွေထဲမှာ အနှိမ့်ချဆုံးအနေနဲ့ မြင်းစားခွက်ထဲမှာ ကလေးသိပ်ခဲ့ရပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013