DVB Logo
Home
နိုင်ငံတကာ
ဂါဇာကမ်းမြောင်က အကြီးဆုံးဒုက္ခသည်စခန်းရှိရာကို အစ္စရေး တိုက်ခိုက်
DVB
·
December 24, 2023
ဂါဇာကမ်းမြောင်က အကြီးဆုံးဒုက္ခသည်စခန်းရှိရာကို အစ္စရေး တိုက်ခိုက်
Donate to DVB

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းက နေရာအများအပြားကို ဒီဇင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့လို့ ဂျာဘာလီယာမြို့က ရပ်ကွက်ကြီးတွေရဲ့ လမ်းတွေပေါ် အပျက်အစီးတွေ ပြည့်နေခဲ့ကာ အဲဒီနယ်မြေအတွင်း ထပ်မံထိုးစစ်ဆင်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ အကြီးဆုံးဒုက္ခသည်စခန်းတည်ရှိရာ မြို့ထဲကို အစ္စရေး တင့်ကားတွေဆီက အမြောက်ကျည်တွေ ဆက်တိုက်ကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာကမ်းမြောင်ဒေသရဲ့ ကြီးမားတဲ့ နေရာတွေ ပျက်စီးခဲ့ပြီး လူဦးရေ ၂၃ သိန်းထဲက အများစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

ပါလက်စတိုင်း ၂၀,၀၅၇ ဦး သေဆုံးပြီး ၅၃,၃၂၀ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး အသေအပျောက် သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ 

စစ်ဖြစ်နေတဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေးအသစ်ကို သဘောတူဖို့ ရည်ရွယ်ပြီး အီဂျစ်မှာ လုပ်နေတဲ့ ဆွေးနွေးပွဲတွေမှာ မကြာမီကာလအတွင်း အောင်မြင်မှုရဖို့ မျှော်လင့်ချက်တွေ လျော့ပါးလာနေပြီး ဂါဇာတခွင်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013