DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန်ဘုရားကျောင်းများကို ဗုံးကြဲခဲ့သည့် စစ်ကောင်စီက  လူအချင်းချင်း မေတ္တာထားရန်ပြော
DVB
·
December 24, 2023
ခရစ်ယာန်ဘုရားကျောင်းများကို ဗုံးကြဲခဲ့သည့် စစ်ကောင်စီက  လူအချင်းချင်း မေတ္တာထားရန်ပြော
Donate to DVB

ခရစ်ယာန်ဘုရားကျောင်းတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ဒု ခေါင်းဆောင်က လူသားအချင်းချင်း မေတ္တာတရားထားဖို့ ခရစ်တော် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားမှာ  ပြောဆိုခဲ့ပါတယ်။

ဒီစကားကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မနေ့ညနေက ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းထောင့်က Holy Cathedral Church ကျောင်းမှာ ပြုလုပ်တဲ့ ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဘာသာတရားတိုင်းမှာ  မေတ္တာ ကရုဏာ ဆိုတဲ့ စာသားက မပါမဖြစ်ပဲ။ မေတ္တာကပဲ အရာရာကို ကျော်လွှားနိုင်တယ်။ ကြီးမားတဲ့အင်အားတခုပေါ့။ ငြိမ်းချမ်းရေးအတွက်ဆိုရင် လူသားအချင်းချင်း မေတ္တာထားဖို့ လိုတယ်” လို့ ပြောပါတယ်။

Holy Cathedral Church ကျောင်းမှာပြုလုပ်တဲ့ ခရစ်စ္စမတ်ပွဲကို မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တယောက်က “ပြောရရင် ဘာသာပေါင်းစုံကို စစ်တပ်က သူတို့ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းတာပေါ့။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေကို လေယာဥ်နဲ့ဗုံးကြဲပြီးမှ မေတ္တာထားဖို့ လာပြောတာ ရယ်စရာကြီး ဖြစ်နေတယ်။ ရေဦးမှာ လေကြောင်းကနေ ဗုံးကြဲလို့ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း ပြိုကျသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီပွဲကို စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိန်းမတွေ တက်ရောက်ခဲ့ကြတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကရင်နီ၊ ကရင်နဲ့ စစ်ကိုင်းမှာ စစ်ကောင်စီရဲ့လေတပ်က လေကြောင်း ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းများစွာ ပြိုပျက်ပျက်စီးခဲ့ရပြီး ရှေဟောင်းခရစ်ယာန် ဘုရားကျောင်းတွေ ပါဝင်တယ်လို့ စစ်ကိုင်းမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013