DVB Logo
Home
နိုင်ငံတကာ
ညင်သာစွာ သေဆုံးခွင့်ဥပဒေကို ကျူးဘားအစိုးရ တစိတ်တပိုင်းခွင့်ပြု 
DVB
·
December 23, 2023
ညင်သာစွာ သေဆုံးခွင့်ဥပဒေကို ကျူးဘားအစိုးရ တစိတ်တပိုင်းခွင့်ပြု 
Donate to DVB

ကျူးဘား အမျိုးသားလွှတ်တော်ဟာ ညင်သာစွာ သေဆုံးခွင့်ပြုခြင်းနဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တို့ကို နိုင်ငံတော်ရဲ့ ဥပဒေမူဘောင်ကို အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ဥပဒေပြုခြင်း တစိတ်တပိုင်းအနေနဲ့ ဒီဇင်ဘာ ၂၂ ရက်က ခွင့်ပြုပေးလိုက်ပါတယ်။ 

တိုးတက်မှု အလားအလာမရှိဘဲ သည်းမခံနိုင်တဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ပေးဖို့ လူနာရဲ့ တောင်းဆိုချက်အရ သမားတော်မှ အသက်ကိုရပ်စဲခွင့်ပြုခြင်း ဖြစ်ပါတယ်။ ဥပဒေမှာ ညင်သာစွာ သေဆုံးခွင့်ပြုခြင်း ဆိုတဲ့ အသုံးအနှုန်းကို ဖယ်ရှားလိုက်ပြီး အဲဒီအစား အရေးကြီးတဲ့ အများဆိုင်ရာ ဆုံးဖြတ်ချက်တွေလို့ သုံးစွဲလိုက်ကြောင်း ကျူးဘားလူ့ဘောင်ဥပဒေရဲ့ ဥက္ကဋ္ဌ လီယိုနာဒို ပယ်ရယ်က ပြောပါတယ်။ 

“လူတဦးစီတိုင်းမှာ သူတို့ရဲ့ ဂုဏ်သိက္ခာအပေါ်အခြေခံပြီး သူတို့ရဲ့ ဘဝအဆုံးသတ်ကို ဆုံးဖြတ်ခွင့် ရှိတယ်”လို့ ဆိုပါတယ်။ 

လူနာရဲ့ဆန္ဒအရ သေခွင့်ပြုခြင်းနဲ့ ဆေးပညာအရ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းတို့ကို လက်တဆုပ်စာ အရေအတွက်ရှိတဲ့ နိုင်ငံတွေလောက်သာ ခွင့်ပြုထားတာဖြစ်ပြီး တချို့နိုင်ငံတွေမှာတော့ လူသတ်မှုနဲ့တန်းတူ အပြစ်ရှိကြောင်း သတ်မှတ်ထားပါတယ်။  ဘာသာတရား အများစုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ကမ္ဘာတဝန်းမှာလည်း အကြီးစား အငြင်းပွားမှုတွေ ဖြစ်ပါတယ်။ 

ကျူးဘားအစိုးရပိုင် မီဒီယာတွေမှာတော့ အစိုးရဟာ ဒီအလေ့အထကို အတည်ပြုမယ်လို့ ဖော်ပြထားရုံသာရှိပြီး လူအများနဲ့ ဆွေးနွေးငြင်းခုံခြင်း မလုပ်ထားပါဘူး။ ဇီဝကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အလ်ဘတ်တို ရိုကေး ကတော့ စည်းမျဉ်းတွေ ရေးဆွဲလာတာနဲ့ အမျှ ပြောင်းလဲသွားမှာဖြစ်ကြောင်း ပြောပါတယ်။ 

ပြီးခဲ့တဲ့လကတည်းက ဆေးကုသမှု ခံယူနေရတဲ့ စအိုကင်ဆာ ဝေဒနာရှင် ဆူအိုင်မာ လိုပက်ဇ်က “ပြင်းထန်ပြီး ရက်စက်တဲ့ ရောဂါတခုဖြစ်လို့ ဂုဏ်သိက္ခာရှိရှိ သေခြင်းတရားကို ရနိုင်မယ်ဆိုရင် ဘာမှဒုက္ခထပ်ခံမနေတော့ပဲ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ထွက်သွားလိုက်ရတာ ပိုကောင်းပါတယ်”လို့ ပြောပါတယ်။ 

ဒေသခံ ဟွမ်န် ဒလ်ပီလား ဂိုဗရ်နာ က “နာမကျန်းဖြစ်တဲ့အခါ အထူးသဖြင့် ဆေးဝါးမရှိတဲ့ တိုင်းပြည်မှာ ဂုဏ်သိက္ခာမဲ့စွာ နေထိုင်ရတာ ကြောက်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ ဖြေရှင်းဖို့ တခြားအရေးတကြီးကိစ္စတွေ ရှိသေးတယ် ” လို့ ပြောပါတယ်။ 

Source/Photo-REUTERS/Stringer

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013