DVB Logo
Home
နိုင်ငံတကာ
ဂျပန်အစိုးရက ယန်းငွေ ၇ ဒသမ ၇ ထရီလီယံ ကာကွယ်ရေးအသုံးစရိတ်အတည်ပြု 
DVB
·
December 23, 2023
ဂျပန်အစိုးရက ယန်းငွေ ၇ ဒသမ ၇ ထရီလီယံ ကာကွယ်ရေးအသုံးစရိတ်အတည်ပြု 
Donate to DVB

ဂျပန်အစိုးရဟာ  ၂၀၂၄ ဘဏ္ဍာနှစ်အတွက် စံချိန်တင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျပန်ယန်းငွေ ၇ ဒသမ ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၂၅ ဘီလီယံ) ကို ဒီဇင်ဘာ ၂၂ ရက်မှာ အတည်ပြုလိုက်ပြီး ဒါဟာ မနှစ်ကထက် ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၁ ထရီလီယံ (သန်းပေါင်း ၁ သန်း) ထပ်တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

အတည်ပြုထားတဲ့ ဘတ်ဂျက်အရ ဂျပန်နိုင်ငံဟာ ၅ နှစ်အတွင်း စစ်ရေးအသုံးစရိတ် ယန်း ၄၃ ထရီလီယံအထိ တိုးမြင့်လာဖို့ ရှိနေပြီး အင်အားကြီးလာနေတဲ့ တရုတ်နိုင်ငံနဲ့ ခန်မှန်းလို့မရနိုင်တဲ့ မြောက်ကိုရီးယားတို့အပြင် ရှုပ်ထွေးနေတဲ့ လုံခြုံရေးဆိုင်ရာပတ်ဝန်းကျင်မှာ ကာကွယ်ရေးကို အားကောင်းစေဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဧပြီလမှာ စတင်တဲ့ ၂၀၂၄ ဘတ်ဂျက်နှစ်ဟာ မနှစ်က အသုံးစရိတ် ယန်း ၆ ဒဿမ ၆ ထရီလီယံထက် ၁၇ ရာခိုင်နှုန်းလောက် တိုးလာခဲ့တာပါ။

ဆိုက်ဘာစွမ်းရည်ကို အားကောင်းစေဖို့ ယန်းငွေ ၂၀၀ ဘီလီယံကျော်နဲ့ အေးဂျက်စ် တိုက်ခိုက်ရေးစနစ်နဲ့ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေး စစ်သင်္ဘောတွေ စတင်တည်ဆောက်မယ့် ရန်ပုံငွေလည်း ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပြီး သင်္ဘောတစင်းကို ယန်းငွေ ဘီလီယံ ၄၀၀ လောက် ကုန်ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ယန်းငွေတန်ဖိုး ပြိုလဲမှုကြောင့် ဂျပန်ရဲ့ ကာကွယ်ရေးတည်ဆောက်မှုကို ရှုပ်ထွေးရကြောင်း အရင်တုန်းက သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လာမယ့်ဘဏ္ဍာရေးနှစ်မှာ ယန်း ၉ ထရီလီယံကျော်တန်ဖိုးရှိ စာချုပ်အသစ်တွေကို လက်မှတ်ရေးထိုးဖို့ စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားပါတယ်။

ယန်း ၂ ထရီလီယံနီးပါးကို နိုင်ငံခြားငွေနဲ့ ခိုင်မာအောင် လုပ်ထားမှာဖြစ်ပြီးတော့ ငွေကြေးအတက်အကျကြောင့်လည်း ထိခိုက်နိုင်ကြောင်းလည်း ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013