DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် မီတာခမဆောင်သည့် နေအိမ်များကို မီးဖြတ်နေ
DVB
·
December 22, 2023
မော်လမြိုင်တွင် မီတာခမဆောင်သည့် နေအိမ်များကို မီးဖြတ်နေ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရပ်ကွက်တွေမှာ မီတာခမဆောင်တဲ့ နေအိမ်တွေကို မီတာပုံးတွေ ဖြုတ်သိမ်းတာ၊ မီတာပုံးထဲက Fuse ကို ဖြုတ်ယူသွားတာနဲ့ မီးကြိုးဖြတ်တောက်တာတွေ ပြုလုပ်ပြီး မီးဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်မြို့ ရပ်ကွက်တွေရှိ မီတာခမဆောင်တဲ့ နေအိမ်တွေကို ဒီဇင်ဘာအစကနေစပြီး မီဖြတ်တောက်မှုတွေ ခပ်စိပ်စိပ် လုပ်လာနေတယ်လို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။

“ဒီလထဲမှာ မီတာမဆောင်တဲ့အိမ် တော်တော်များများကို ဖြုတ်တာ။ တချို့အိမ်တွေဆို မီးဖြတ်လိုက်မှန်းတောင် မသိဘူး။ သူများအိမ်တွေလာပြီး ကိုယ့်အိမ်ပဲ ပြတ်နေတော့ လျှပ်စစ်ရုံးကို သွားမေးကြည့်မှ မီတာခမဆောင်လို့ Fuse ဖြုတ်ပြီး မီးဖြတ်လိုက်တာတဲ့။ အရင်က‌လို သူတို့က မီတာခဆောင်ပါလို့ မပြောတော့ဘူး။ အခုက မီတာခမဆောင်တာနဲ့ မီးတန်းဖြတ်ပဲ။”

မော်လမြိုင်မြို့ရှိ လျှပ်စစ်ရုံးဝန်ထမ်းတွေက မီတာခ ၂ လစာ မပေးတာနဲ့ မီးလိုက်လံဖြတ်တောက်နေတာဖြစ်ပြီး မီတာခနဲ့အတူ ဒဏ်ကြေးပြန်လည်ပေးဆောင်ပြီးမှ မီးပြန်လွှတ်ပါတယ်။

မော်လမြိုင်မြို့အတွင်းမှာ မီတာခပုံမှန်လာကောက်ပေမဲ့ မီးပြတ်တဲ့အချိန်ဟာ မီးလာတဲ့အချိန်ထက် ပိုများနေတဲ့အတွက် အခက်အခဲများစွာဖြစ်နေတယ်လို့ ‌သီရိမြိုင်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

လျှပ်စစ်မီးပြတ်မှုကြောင့် မော်လမြိုင်မြို့ရဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်းနဲ့ မိသားစုတနိုင်တပိုင် လုပ်ငန်းတွေရဲ့ ၃ ပုံ ၁ ပုံလောက် ရပ်နားထားရတယ်လို့ စက်မှုလက်မှု လုပ်ကိုင်သူတွေက ပြောပါတယ်။

မော်လမြိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကို အုပ်စု A၊ B၊ C ခွဲထားပြီး အလှည့်ကျစနစ်နဲ့ တကြိမ်ကို လျှပ်စစ်မီး ၂ နာရီ ဖြန့်ဝေနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013