DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ မြစ်သာဆည် စစ်တပ်အထိုင်စခန်းကို ဒေသခံကာကွယ်ရေးတပ် သိမ်းပိုက်
DVB
·
December 22, 2023
ဂန့်ဂေါ မြစ်သာဆည် စစ်တပ်အထိုင်စခန်းကို ဒေသခံကာကွယ်ရေးတပ် သိမ်းပိုက်
Donate to DVB

မကွေးတိုင်း၊ ဂန့်‌ဂေါမြို့နယ်တောင်ပိုင်း မြစ်သာဆည်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိထားကာ ဒေသခံကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက “မြစ်သာဆည်ကိုတော့ သိမ်းပိုက်နိုင်သွားပြီ။ ကျနော်တို့ရဲဘော်တချို့ ထိခိုက်ထားတာလည်း ရှိတယ်။ သူတို့ဘက်က အထိအခိုက်များတယ်။ ထွက်‌ပြေးသွားတဲ့ စစ်သားတွေကို ဆက်လက်ရှာဖွေနေတယ်။ လေကြောင်းကတော့ စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၃ စီးနဲ့ လာပစ်ခဲ့‌သေးတယ်” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် မြစ်သာဆည်အနီးက စံပယ်ရွာနဲ့ ပနန်ရွာ အပါအဝင် ကျေးရွာ ၄ ရွာက ဒေသခံထောင်ချီဟာလည်း ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ မြစ်သာဆည် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာတော့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က နိုဝင်ဘာ ၃ ရက်နေ့ကလည်း မင်းရွာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

လက်ရှိ ဂန့်‌ဂေါမြို့နယ်မှာတော့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က တောင်ခင်ရန်းရဲစခန်း၊ ကန်ရွာရဲစခန်းတခုနဲ့ မြစ်သာဆည် စစ်ကောင်စီစခန်း အပါအဝင် စစ်ကောင်စီကင်းစခန်း ၄ ခုကို သိမ်းပိုက်ရရှိထားပါတယ်။

ဓာတ်ပုံ - ယောအလင်းတန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013