DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်က လက်ဘနွန်တွင် နိုင်ငံရေးလှုပ်ရှားမှု တိုးချဲ့ရန် စီစဉ်
DVB
·
December 22, 2023
ဟားမတ်စ်က လက်ဘနွန်တွင် နိုင်ငံရေးလှုပ်ရှားမှု တိုးချဲ့ရန် စီစဉ်
Donate to DVB

ဂါဇာကို အုပ်ချုပ်နေတဲ့ အစ္စလာမ္မစ် တော်လှန်ရေးအဖွဲ့ (ဟားမတ်စ်) ဟာ သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို လက်ဘနွန်မှာ တိုးချဲ့ဖို့ အစီအစဉ်ရှိကြောင်း မကြာသေးခင်က ကြေညာခဲ့တာကြောင့် အရှေ့အလယ်ပိုင်း နိုင်ငံတွင်းရှိ ပြည်တွင်းအုပ်စုတွေအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။

ပါလက်စတိုင်းလူမျိုးတွေရဲ့ တာဝန်ဟာ ဘယ်နေရာမှာမဆို အစ္စရေးရဲ့ သိမ်းပိုက်မှုကို နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်ဖို့ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားခဲ့ပြီး လက်ဘနွန်မှာ လူသစ်စုဆောင်းမှု လှိုင်းသစ်ရဲ့ ရှေ့ပြေးတပ်ဦးကို ဒီဇင်ဘာလအစပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဒီလုပ်ဆောင်မှုကြောင့် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုတွေ တိုးပွားလာပြီး ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ကို လက်ဘနွန်နယ်မြေမှာ လှုပ်ရှားခွင့်ပြုခဲ့တဲ့ ၁၉၆၀ ကိုင်ရိုသဘောတူညီချက်တချို့ကို ပြန်အမှတ်ရခဲ့ကြပါတယ်။

လက်ဘနွန် နိုင်ငံရေးပါတီတွေနဲ့ တာဝန်ရှိသူတွေကတော့ ပိုကျယ်ပြန့်လာတဲ့ ပဋိပက္ခထဲကို ဆွဲသွင်းခံရခြင်းကနေ ရှောင်ရှားဖို့ လက်ဘနွန်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

လက်ဘနွန်ရှိ ဟားမတ်စ်ကိုယ်စားလှယ် အာမဒ် အဗ္ဗဒူလ်ဟာဒီက သူတို့ဟာ လက်ဘနွန်မြေပေါ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ပြောင်းလဲမှာ မဟုတ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

လက်ဘနွန်မှာ တော်လှန်ရေးတွေကို ထိန်းချုပ်ထားတဲ့ လက်ဘနွန်အခြေစိုက် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ဟစ်ဇ်ဘိုလာ ရှိနေတာဖြစ်ပြီး တော်လှန်ရေးကို ကြိုးပမ်းချင်သူတွေ ဘယ်သူမဆို ဟစ်ဇ်ဘိုလာကနေတဆင့် လေ့ကျင့်သင့်တယ်လို့ ဆိုပါတယ်။

ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ (UNRWA) က နောက်ဆုံးစာရင်းဇယားတွေအရ လက်ဘနွန်နိုင်ငံတဝန်းရှိ စခန်းတွေနဲ့ မြို့အများအပြားမှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းနိုင်ငံသား ၄၈၀၀၀၀ ကျော် ရှိနေပါတယ်။

ပါလက်စတိုင်းစခန်းတွေနဲ့ လက်ဘနွန်တို့မှာ သူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဟားမတ်စ်က အာမခံထားပေမဲ့ စစ်ပွဲရဲ့ခြိမ်းခြောက်မှု ပိုကျယ်ပြန့်လာတာနဲ့ ဟားမတ်စ်အခြေစိုက် စခန်းအတွက် လက်ဘနွန်ကို အသုံးပြုလာနိုင်မှု အလားအလာတွေကြောင့် လက်ဘနွန်ပါတီတွေအကြား အထူးသဖြင့် နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းကို ခံစားနေရတဲ့ လက်ဘနွန်နိုင်ငံမှာ စိုးရိမ်မှုတွေ ဆက်ရှိနေတာပါ။

လက်ဘနွန်-အစ္စရေးနယ်စပ်မှာ ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးကလည်း လက်ဘနွန် အရှေ့တောင်ဘက်ကို အမြောက်တွေနဲ့ တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ကြား ထိပ်တိုက်တွေ့မှုတွေမှာ ဟစ်ဇ်ဘိုလာအဖွဲ့ဝင် ၁၀၇ ဦး အပါအဝင် လက်ဘနွန်ဘက်မှ ၁၅၄ ဦး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုတဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013