DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် စက်သုံးဆီအရောင်းဆိုင်အချို့ ပိတ်ထားပြီး ဝယ်ယူရခက်ခဲနေ
DVB
·
December 22, 2023
မိုးကုတ်တွင် စက်သုံးဆီအရောင်းဆိုင်အချို့ ပိတ်ထားပြီး ဝယ်ယူရခက်ခဲနေ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဒီဇင်ဘာ ပထမပတ်ကစတင်ပြီး စက်သုံးဆီအရောင်းဆိုင်တွေ ပိတ်ထားသလို ဓာတ်ဆီရောင်းပေးတဲ့ ဆိုင်ကြီးတချို့မှာလည်း ဓာတ်ဆီတွေကို အချိန်ပေး တန်းစီဝယ်ယူနေရပြီး အကန့်အသတ်နဲ့သာ ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက စက်သုံးဆီ အရောင်းဆိုင်အများစု ပိတ်ထားသလို ဆီရောင်းတဲ့ အချိန်ပိုင်း ခဏမှာပဲ တန်းစီဝယ်ယူနေရတယ်လို့​ မိုးကုတ်မြို့အနောက်ပိုင်း ​ဒေသခံတဦးက ဆိုပါတယ်။

“ဆီသွားတန်းစီရတာက တရက်ကို နှစ်နာရီလောက် အချိန်ပေးရတယ်။ ဆီက ဝယ်ရင်လည်း တစီးကို ၅,၀၀၀ ဖိုးပဲ ရတယ်လေ။ ဆီကိုလည်း မနက်တခါ ညနေတခါ တရက်နှစ်ခါပဲ ဝယ်လို့ရတယ်။ အရင်လို လိုတဲ့အချိန် လိုသလောက် ဝယ်မရဘူး။”

မိုးကုတ်မြို့မှာ ဆိုင်ကယ်တစီးကို ၅,၀၀၀ ကျပ်ဖိုးသာ ရောင်းချပြီး ကားတစီးကို ကျပ် ၃၀,၀၀၀ ဖိုးသာ ရောင်းပေးတဲ့အပြင် ဓာတ်ဆီတလီတာကို ၂,၆၅၀ ကျပ်ပေးပြီး ဝယ်နေရတယ်လို့ သိရပါတယ်။

စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တဦးက “ဆီတွေကမရှိတာ၊ 92 နဲ့ 95 က လိုသလောက် မရဘူး။ အချိန်တိုင်း မရောင်းပေးနိုင်ဘူး။ ဒီညနေ ဆီကားလာရင် မနက်ဓာတ်ဆီရမယ်။ ကားဝင်သလောက်ပဲရတာ၊ အများကြီးမရဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့သာမက တခြားမြို့ကြီးတွေမှာပါ ဓာတ်ဆီတွေ ဝယ်မရဖြစ်နေပြီး စက်သုံးဆီစျေးတွေလည်း တက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013