DVB Logo
Home
အားကစား
အင်္ဂလိပ်ကလပ်များ ဥရောပစူပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မပြုရန် ယူကေဝန်ကြီးချုပ် တားမြစ်
DVB
·
December 22, 2023
အင်္ဂလိပ်ကလပ်များ ဥရောပစူပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မပြုရန် ယူကေဝန်ကြီးချုပ် တားမြစ်
Donate to DVB

အင်္ဂလိပ်ကလပ်အသင်းတွေအနေနဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုဖို့ ယူကေဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က တားမြစ်ပိတ်ပင်သွားမယ်လို့ သိရပါတယ်။

ဥရောပစူပါလိဂ်ပြိုင်ပွဲကို စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ အစရှိတဲ့ အသင်းတွေက ဦးဆောင်ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ပရိသတ်တွေနဲ့ ကလပ်အသင်းအများစုက လက်မခံတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ စူပါလိဂ်ပြိုင်ပွဲကျင်းပခွင့်ကို ဥရောပတရားရုံးက ခွင့်ပြုပေးလိုက်ပြီး ကန့်ကွက်ပိတ်ပင်ခဲ့တဲ့ ဖီဖာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တွေကို ပြစ်တင်ဝေဖန်ခဲ့တာပါ။

ဥရောပစူပါလိဂ်ပြိုင်ပွဲကို အမျိုးသားနဲ့ အမျိုးသမီးကလပ်တွေက အဆင့်ရပ်တည်မှုအလိုက် တန်းဆင်း၊ တန်းတက်စနစ်နဲ့ ယှဉ်ပြိုင်ဖို့ တာဝန်ရှိသူတွေက စီစဉ်ထားကြတာပါ။

ယူကေအစိုးရဘက်ကတော့ ၂၀၂၁ ခုနှစ်က ပရိသတ်တွေရဲ့ သဘောထားကို သင်ခန်းစာ ယူရမှာဖြစ်ပြီး အင်္ဂလိပ်ဘောလုံးအတွက် ပိုကောင်းပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို ဖန်တီးပေးသွားရမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဝင်ပြိုင်တဲ့ အင်္ဂလိပ်ကလပ်တွေကို ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ကစားခွင့် ပိတ်ပင်ဖို့အထိ ယူကေအစိုးရဘက်က စီစဉ်ထားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013