DVB Logo
Home
အားကစား
အယ်လ်ဂျီးရီးယားတွင် ဘောလုံးအသင်း ကားမတော်တဆဖြစ်ပြီး ၂ ဦး သေဆုံး
DVB
·
December 22, 2023
အယ်လ်ဂျီးရီးယားတွင် ဘောလုံးအသင်း ကားမတော်တဆဖြစ်ပြီး ၂ ဦး သေဆုံး
Donate to DVB

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ပြည်တွင်းထိပ်တန်းလိဂ် ဘောလုံးအသင်း အသင်းသားတွေ လိုက်ပါလာတဲ့ ကားတစီး မတော်တဆဖြစ်ပြီး ကစားသမားတဦးနဲ့ နည်းပြတဦး ကွယ်လွန်သွားပါတယ်။

အယ်လ်ဂျီးရီးယားထိပ်တန်းလိဂ်က အယ်လ်ဘာရတ်အသင်းဟာ ပြိုင်ဘက်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ထွက်ခွာလာရာမှာ  အသင်းရဲ့ကား မတော်တဆဖြစ်ခဲ့တာကြောင့် ဂိုးသမား ဇာကာရီယာနဲ့ လက်ထောက်နည်းပြ ခါလစ်မာ့တပ်တို့ ကွယ်လွန်ခဲ့ရတာပါ။

မတော်တဆမှုမှာ စုစုပေါင်း ကစားသမား ၁၀ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ပြန်လည်သက်သာလာပြီလို့ အသင်းမီဒီယာက ထုတ်ပြန်ပါတယ်။

အဲဒီ ကားမတော်တဆဖြစ်ရပ်ကြောင့် အယ်လ်ဂျီးရီးယားလိဂ်ပွဲစဉ်အားလုံးကို တပတ်တိတိ ရပ်နားထားမယ်လို့ ဘောလုံးအဖွဲ့ချုပ်ဘက်က ထုတ်ပြန်ထားပါတယ်။

အယ်လ်ဂျီးရီးယားသမ္မတ အက်ဒဲမက်ဂျစ်တဲဘွန်ကလည်း ကွယ်လွန်ခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း စာထုတ်ပြန်ခဲ့ပါတယ်။

Photo-Mouloudia El Bayadh Facebook

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013