DVB Logo
Home
မြန်မာသတင်း
ပလက်ဝ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော် အကူအညီလိုအပ်
DVB
·
December 21, 2023
ပလက်ဝ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော် အကူအညီလိုအပ်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝခရိုင်အတွင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတွေထံက  သိရပါတယ်။

ပလက်ဝခရိုင်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူတွေဟာ ဘေးလွတ်ရာ နီးစပ်ရာကျေးရွာတွေနဲ့ အိန္ဒိယနယ်စပ်အထိ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အရင်က ပလက်ဝခရိုင်အတွင်း စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ရှိခဲ့ရာမှ အခုနှစ် ဒီဇင်ဘာလအတွင်း ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်တလျှောက် ကျေးရွာက ပြည်သူ ၁၀,၀၀၀ ကျော် ထပ်မံ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ဘေးရှောင်တွေကို အသွားအလာ ကန့်သတ်ထားတဲ့အတွက် စစ်ဘေးရှောင်တွေဟာ သွားရေးလာရေး ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်နဲ့ နီးစပ်သူတဦးက “ဆေးဝါးကလည်း ပါရာတလုံးတောင် မရှိတော့ဘူး။ ဖျားတဲ့သူကိုတောင် လက်ပိုက်ကြည့်ရတာတွေ ကြုံနေရတယ်။ ဆီ၊ ဆန်၊ ဆား မပြောနဲ့၊ ဆန်သာရှိတယ်ဆိုရင်၊ ဆန်မပြောနဲ့ စပါးသာရှိတယ်ဆိုရင် ကိုယ့်ဘာသာ ဆုံထောင်းပြီးမှ ချက်စားလို့ရတာပေါ့” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေကို “ပြည်သူမှ ပြည်သူသို့” အစီအစဉ်နဲ့ ဆီ၊ ဆန်၊ ဆားတွေကို ပေးဝေနေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ကြုံနေရတယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။

ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီဥက္ကဋ္ဌ ဆလိုင်းမျိုးသစ်က “ချင်းပြည်မှာ အရမ်းအေးတယ်။ အဝတ်အထည် မိုးကာတွေ လိုတယ်။ ဆမီးမြို့ဘက်လည်း သွားမရဘူး၊ မတူပီဘက်လည်း သွားမရဘူးဆိုတော့ ငှက်ပျောရွက်တွေမိုးပြီး နေနေရတယ်။ ဆေးဝါးမရှိတော့ ငှက်ဖျားစိုးရိိမ်ရတယ်။ ဖျားတဲ့သူကိုစစ်ရင် ငှက်ဖျားပိုးဝင်တဲ့သူက များတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးပစ္စည်းတွေ လိုအပ်နေပြီး ပြည်တွင်းပြည်ပရှိ ပြည်သူတွေနဲ့ NGO/INGO အဖွဲ့အစည်းတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ဖို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်တဲ့ ခရိုင်ကောင်စီက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013