DVB Logo
Home
မြန်မာသတင်း
ဝယ်လိုအားများပြီး ဈေးကွက် အဝင်နည်းသဖြင့် ကြက်သွန်နီ ဈေးတက်
DVB
·
December 20, 2023
ဝယ်လိုအားများပြီး ဈေးကွက် အဝင်နည်းသဖြင့် ကြက်သွန်နီ ဈေးတက်
Donate to DVB

ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားများနေတာနဲ့ စျေးကွက်ထဲ ကြက်သွန်အဝင်နည်းပါးနေတာကြောင့်  ကြက်သွန်နီဈေးတွေ မြင့်တက်လာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

အာဆီယံ ဒေသတွင်း နိုင်ငံတွေကို ကြက်သွန်အများဆုံးတင်ပို့နေတဲ့ အိန္ဒိယက ကြက်သွန် export စျေးကို တိုးမြှင့်သတ်မှတ်လိုက်တာက စျေးနှုန်းသက်သာတဲ့ မြန်မာကြက်သွန်ကို ပြည်ပ ဝယ်လက်နိုင်ငံတွေရဲ့ ဝယ်လိုအား မြင့်တက်လာစေပြီး ပြည်တွင်းစျေးကိုလည်း မြင့်တက်လာစေ တယ်လို့  ကုန်သည်တွေက ပြောပါတယ်။

ကြက်သွန်ကုန်သည်တဦးက “အိန္ဒိယက export စျေးနှုန်း မြှင့်သတ်မှတ်လိုက်တော့ အိန္ဒိယထက် သက်သာတဲ့စျေးနဲ့ ရောင်းနိုင်ရင် မြန်မာကြက်သွန် ပိုအဝယ်ကောင်းလာမှာပါ” လို့ မှတ်ချက်ပြုပါတယ်။

ဒါ့ပေမဲ့ အခုအခါမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ  တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတွေကို ကြက်သွန်တင်ပို့ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကနေ ပြောင်းလဲတင်ပို့နေရတာ ဖြစ်လို့ တင်ပို့မှုအတွက် စရိတ် ပိုကုန်ကျနေရတယ်လို့ ကြက်သွန်ကုန်သည်တွေက ပြောပါတယ်။

ကြက်သွန်ကုန်သည်တဦးက ““ရေကြောင်းကနေ ပို့ရတာက  အများကြီး ပိုကုန်ကျစရိတ်ရှိတယ်ဗျ၊ အချိန်ကြန့်ကြာတာတွေရော ဆိုတော့။ ဒီကုန်ကျစရိတ်က တောင်သူရတဲ့ ကြက်သွန်ဈေးအပေါ် သွားပြီး သက်ရောက်မှုတော့ ရှိမှပဲ၊ ရသင့်တာထက်တော့ ပိုနည်းရသွားမှာပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကြက်သွန်နီက စျေးကွက်ထဲ အဝင်နည်းနေပေမယ့် အရောင်းအဝယ်သွက်ပြီး စျေးမြင့်တက်နေတယ်လို့ ကြက်သွန်ပွဲရုံတွေဆီက သိရပါတယ်။

ကြက်သွန်စျေးနှုန်းတွေအနေနဲ့  ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ အမျိုးအစား အလိုက် ၁ ပိဿာကို ကျပ် ၂၀၀၀ ကနေ ၅၁၀၀ ကျပ်အထိ ရှိနေပြီး ၁ ပိဿကို ၄၀၀ ကျပ်ကနေ ၈၀၀ ကျပ်အကြား ရက်ပိုင်းအတွင်း စျေးမြင့်တက်လာပါတယ်။

လက်ရှိမှာ မြန်မာကြက်သွန်ကို ဖီလစ်ပိုင်၊ ဗီယက်နာမ်၊ လာအို၊ မလေးရှား၊ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့်ရ် နိုင်ငံတို့က ဝယ်ယူနေပြီး ကိုဗစ်မတိုင်ခင်ကတော့  တနှစ်ကို ပျဉ်းမျှ ကြက်သွန်နီ တန်ချိန် ၈ သောင်းကနေ ၁ သိန်းကျော်ထိ ပြည်ပကို တင်ပို့မှု ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013