
အမေရိကန်စစ်တပ်က မေ ၃၀ ရက်မှာ အရှေ့ပစိဖိတ်ဒေသထဲက သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့ပြီး အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒီလုပ်ရပ်အတွင်း မူးယစ်ဆေးဝါးဆိုင်ရာ အကြမ်းဖက်သမား အမျိုးသား ၃ ယောက် သေဆုံးခဲ့ပြီး အမေရိကန်စစ်တပ်ဘက်က တဦးတယောက်မှ မထိခိုက်ခဲ့ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။
ထောက်လှမ်းရေးသတင်းတွေအရ သင်္ဘောဟာ အရှေ့ပစိဖိတ်ဒေသက မူးယစ်ဆေးဝါးကုန်ကူးမှု လမ်းကြောင်းတွေတလျှောက် ဖြတ်သန်းသွားလာနေပြီး မူးယစ်ဆေးဝါးကုန်ကူးမှု လုပ်ငန်းတွေမှာ ပါဝင်နေတယ်လို့ အမေရိကန် တောင်ပိုင်းကွပ်ကဲရေးဌာနက X လူမှုကွန်ရက်ပေါ်မှာ ရေးထားတဲ့ ပို့စ်တခုမှာ အတည်ပြုခဲ့ပါတယ်။
ဒါဟာ ရက်အနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်တာလည်း ဖြစ်သလို ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
Source: Reuters










