DVB Logo
Home
မြန်မာသတင်း
မဏိပူရ် အင်ဖာထောင်တွင် အစာငတ်ခံဆန္ဒပြသည့် မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ
DVB
·
December 20, 2023
မဏိပူရ် အင်ဖာထောင်တွင် အစာငတ်ခံဆန္ဒပြသည့် မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်မှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၃၆ ဦး အစာငတ်ခံ ဆန္ဒပြတဲ့အတွက် ရိုက်နှက်ခံနေရတယ်လို့ India For Myanmar အဖွဲ့ကနေ သိရပါတယ်။

တရားမဝင်နေထိုင်တယ်ဆိုတဲ့ ပြစ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၅ ဦးရှိပြီး မဏိပူရ်ပြည်နယ်အစိုးရက ထောင်တွင်းရှိ ထိန်းသိမ်းရေးစင်တာမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မှာ လွတ်ရက်စေ့ပြီဖြစ်တဲ့ ဖမ်းဆီးခံ အမျိုးသမီးတွေကို ထောင်အာဏာပိုင်တွေက မလွှတ်ပေးတဲ့အတွက် ဒီဇင်ဘာ ၁၆ ရက်ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အစာငတ်ခံဆန္ဒပြမှုကို ထောင်တာဝန်ရှိသူတွေက ညှိနှိုင်းမပေးတဲ့အပြင် ညဘက် နှင်းကျတဲ့နေရာမှာ အိပ်ခိုင်းတာ၊ အမျိုးသားရဲတွေ ရိုက်နှက်မှုကြောင့် ဆန္ဒပြအမျိုးသမီးတွေ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲမှာ စစ်ဘေးရှောင်တွေနဲ့ အိန္ဒိယနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။

India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်က “လွတ်ရက်စေ့ပြီ၊ ထောင်ဒဏ် ၄၊ ၅ ၊ ၆ လကျခံပြီးတော့မှ ပြစ်ဒဏ်လည်းခံပြီးပြီ၊ ငွေဒဏ်လည်း ခံပြီးပြီ၊ အဲ့ဒီဟာကို မြန်မာနိုင်ငံဘက် ပြန်ရွှေ့လို့မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းသိမ်းရေးစင်တာမှာ ထားတဲ့ပုံစံမျိုး ဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်က မဏိပူရ်ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ကူညီပေးသွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်  အန်ဘီရန်ဆင်းဂ်က ပြောကြားခဲ့ပါတယ်။

ဆလိုင်းဒိုခါရ်က “ဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ စိတ်မကောင်းဖွယ်ဖြစ်ရပ်က ဖြစ်ပေါ်လာတာဆိုတော့၊ ရလဒ်နဲ့ပတ်သတ်ပြီးတော့မှ လက်ရှိထောင်ထဲမှာ ဆန္ဒပြလှုပ်ရှားမှုတွေပေါ်မှာ သူ့အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာက အခုရလဒ်နဲ့ တိုက်ရိုက် အချိုးကျမယ် ထင်တယ်။ သူ့ပြောဆိုချက်ကိုတော့ ခဏလောက် စောင့်ကြည့်ရမယ့် အနေအထားရှိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင် ၆၀၀၀ ဝန်းကျင်ရှိတယ်လို့ Indian For Myanmar ရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013