DVB Logo
Home
မြန်မာသတင်း
မတူပီ ထယ်ဘွေးစစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်
DVB
·
December 20, 2023
မတူပီ ထယ်ဘွေးစစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ထယ်ဘွေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တယ်လို့ CDF မတူပီထံက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက် ၇ နာရီကတည်းက မတူပီ-ပလက်ဝ လမ်းမပေါ်မှာရှိတဲ့ ထယ်ဘွေးစခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက စခန်းစွန့်ခွာ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက် ၉ နာရီလောက်မှာ စခန်းကို သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေတယ်လို့ CDF မတူပီ တာဝန်ရှိသူ နိုင်ဂျွန်ကိန်းက ပြောပါတယ်။

“၁၈ ရက်နေ့ မနက်ပိုင်းကနေ တောက်လျှောက်တိုက်တယ်။ တနေကုန် ညမှာရော တောက်လျှောက်တိုက်တော့ သူတို့က ည ၉ နာရီလောက်မှာ စခန်းစွန့်တယ်။ ၁၉ ရက်နေ့ ၉ နာရီကျတော့ ကျနော်တို့ စခန်းထဲဝင်ပြီး ရှင်းလင်းရေးလုပ်တယ်။ စခန်းကို အကုန်လုံး ဖျက်ဆီးလိုက်တယ်။ အခုလောလောဆယ်တော့ ရှင်းလင်းရေးလုပ်နေတယ်။”

ထယ်ဘွေးစခန်းဟာ မတူပီအခြေစိုက် ခလရ ၃၀၄ လက်အောက်ခံ တပ်စခန်းဖြစ်ပြီး စစ်ကောင်စီတပ်သား အင်အား ၄၀ လောက် အထိုင်ချထားတာ ဖြစ်ပါတယ်။

ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲကို CDF-မတူပီ၊ CNO/CNDF၊ CDF-မင်းတပ်၊ CDF-လောက်တူတို့ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး CDF-မင်းတပ်မှ ရဲဘော် ဆလိုင်းပီတာလိန်း ကျဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013