DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို KNU ပြန်လည် သိမ်းပိုက်
DVB
·
December 20, 2023
သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို KNU ပြန်လည် သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်းဘေးမှာ နှစ် ၃၀ ကြာ ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ပြန်လည်သိမ်းပိုက်ရရှိပြီလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟိုက  ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတတြော်(ဖာပွန်) ခရိုင် မြောက်ပိုင်း၊ သံလွင်မြစ် ကမ်းဘေး၊ ဖဲထာအနီးက မဆုတ်တမ်းခံစစ်စခန်း ပွိုင့်-၉၃၉ မိုလိုကျိုး တပ်စခန်းကို ဒီဇင်ဘာ ၁၆ ရက်က ဒုတိယအကြိမ် ထိုးစစ်ဆင်ပြီးနောက် တပ်စခန်းတခုလုံးကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၄ ရက်မှာ စတင် ထိုးစစ်ဆင်ခဲ့ပြီး မသိမ်းပိုက်နိုင်သေးဘဲ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့တာလို့ ဆိုပါတယ်။

မိုလိုကျိုး တပ်စခန်းဟာ ကရင်နီပြည်နယ်နဲ့ ထိစပ်နေတဲ့ မူတြော်ခရိုင်နယ်မြေထဲမှာ ရှိပြီး အဲဒီစခန်းအောက်ဘက်မှာ စော်ထာနဲ့ သိမူထာ တပ်စခန်းတို့ရှိပါတယ်။

သိမူထာတပ်စခန်းကို ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်နေ့မှာ K.N.L.A က သိမ်းပိုက်ရရှိထားခဲ့ပြီး မိုလိုကျိုး တပ်စခန်းကို သိမ်းပိုက်လိုက်ချိန်မှာ စော်ထာ တပ်စခန်းက အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စခန်းကိုစွန့်လွှတ် ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

မိုလိုကျိုးစခန်းကနေ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ၊ ဘန်ကာတွေကို ပုံနဲ့ ထုတ်ပြန်ထားပေမဲ့ အသေးစိတ်စာရင်းကိုတော့ ကေအဲန်ယူက မဖော်ပြထားပါဘူး။

ဓာတ်ပုံ - ပွိုင့်-၉၃၉ မိုလိုကျိုး တပ်စခန်း။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013