DVB Logo
Home
အားကစား
ပြောင်းလဲကျင်းပမည့် ကမ္ဘာ့ကလပ်ပြိုင်ပွဲက ဘောလုံးလောကကို ကူညီနိုင်မည်ဟု အာစင်ဝင်းဂါး သုံးသပ်
DVB
·
December 20, 2023
ပြောင်းလဲကျင်းပမည့် ကမ္ဘာ့ကလပ်ပြိုင်ပွဲက ဘောလုံးလောကကို ကူညီနိုင်မည်ဟု အာစင်ဝင်းဂါး သုံးသပ်
Donate to DVB

ပြောင်းလဲကျင်းပမယ့် ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲက ဘောလုံးလောကကို ကူညီနိုင်လိမ့်မယ်လို့ နည်းပြဟောင်း အာစင်ဝင်းဂါးက ပြောပါတယ်။

ဖီဖာဟာ လာမယ့် ၂၀၂၅ ခုနှစ်ကစတင်ပြီး ကမ္ဘာ့ကလပ်ပြိုင်ပွဲကို အသင်းအရေအတွက် ၃၂ သင်းနဲ့ ပြောင်းလဲကျင်းပမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမယ့်အသင်းတွေ ပိုပြီး များပြားမှာပါ။

အခုနှစ်ပြိုင်ပွဲအထိ တိုက်ကြီးတွေက ကလပ်ချန်ပီယံ ၆ သင်းနဲ့ အိမ်ရှင်နိုင်ငံက လိဂ်ချန်ပီယံ အသင်းတွေနဲ့သာ ယှဉ်ပြိုင်ကစားခဲ့တာပါ။

ဖီဖာရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲဖြစ်သူ အာစင်ဝင်းဂါးကတော့ ကမ္ဘာ့ကလပ်ပြိုင်ပွဲကြောင့် ကလပ်တွေအတွက် ပွဲအရေအတွက် ပိုများလာမှာဖြစ်ပေမဲ့ လေးနှစ်တကြိမ် ပြောင်းလဲကျင်းပမှာဖြစ်လို့ အခက်အခဲမရှိနိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဥရောပမှာရှိတဲ့ ဘောလုံးကလပ်တွေအတွက် ကံကောင်းပေမဲ့လည်း ဘောလုံးလောကကို တကမ္ဘာလုံးအတိုင်းအတာနဲ့ တိုးတက်ဖို့ လုပ်ဆောင်ရမှာဖြစ်လို့ တခြားကလပ်တွေရဲ့ တိုးတက်လာမယ့် လမ်းကြောင်းကိုလည်း ဖွင့်ပေးရမှာဖြစ်ကြောင်း အာစင်ဝင်းဂါးက ပြောပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013