DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLA သိမ်းပိုက်
DVB
·
December 19, 2023
နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLA သိမ်းပိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီစခန်းသစ်ကုန်းကို ဒီဇင်ဘာ ၁၉ ရက် မနက်အစောပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့မနက် အစောပိုင်း ၁ နာရီဝန်းကျင်လောက်က သိမ်းပိုက်လိုက်တာ‌ဖြစ်တယ်လို့ နမ့်ခမ်း ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က စခန်းသစ်နေရာကနေ ဆုတ်ခွာပေးလိုက်လို့ TNLA ဘက်က စခန်းသစ်ကို မီးရှို့ပြီး နမ့်ခမ်းမြို့ထဲ TNLA အလံတွေ လာတင်သွားတယ်လို့လည်း  ဒေသခံတဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ သူတို့ဘာအပေးအယူ ရှိသွားလဲ မသိဘူး။ သေနတ်မဖောက်ဘဲ ရသွားတာ။ စစ်တပ်က ဆုတ်ပေးလိုက်တာ။ လက်နက်ချတာမဟုတ်ဘူး။”

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ နမ့်ခမ်းစခန်းသစ် ဆုတ်ခွာပေးလိုက်တဲ့သတင်း မှန်ကြောင်းရေးထားပါတယ်။

TNLA ဝင်တိုက်လာလို့ ဆုတ်ပေးတာမဟုတ်ဘဲ နေရာခံစစ် ခွာသင့်လို့ ခွာတာဖြစ်ကြောင်း၊ စစ်သည်တွေအနေနဲ့ လက်နက်အားလုံး  ဒဏ်ရာရသူတွေ အကုန် တယောက်မကျန် ကယ်ထုတ်ခဲ့ကြောင်းလည်း ရေးသား ဖော်ပြထားပါတယ်။

မျက်မြင် ဒေသခံတဦးကတော့ “သင်္ချိုင်းကုန်းဘက် အများကြီးသေတယ်။ စစ်သား ဟုတ်တယ်။ ဘာစစ်သားလဲ အတိအကျတော့ မသိဘူး။ မန့်ဝိန်းဘက်က ကားနဲ့ လာသယ်သွားတယ်။ သေသွားတဲ့သူတွေလည်း ပါတယ်။ တချို့က မသေသေးဘူး” လို့  ပြောပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းဖို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်ကို ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသလို စစ်ကောင်စီဘက်ကလည်း တရားဝင် သတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရ‌သေးပါဘူး။

နမ့်ခမ်း စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLA ပူးပေါင်း မဟာမိတ်အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ တလကျော်ကြာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013