DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေမြို့၌ စစ်တပ်က ဖမ်းဆီးသွားသည့် ကရင်နီစစ်ရှောင် ၃ ဦး အဆက်သွယ်မရ 
DVB
·
December 19, 2023
ညောင်ရွှေမြို့၌ စစ်တပ်က ဖမ်းဆီးသွားသည့် ကရင်နီစစ်ရှောင် ၃ ဦး အဆက်သွယ်မရ 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရောက် ကရင်နီ စစ်ဘေးရှောင် လူငယ် ၃ ဦးကို  စစ်ကောင်စီတပ်က ဖမ်းသွားတာ ၅ ရက် ရှိပြီဖြစ်ပေမဲ့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်အထိ  အဆက်သွယ် မရသေးဘူးလို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် ညက ညောင်ရွှေမြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ကောင်စီတပ်က ရှောင်တခင်ဧည့်စာရင်းဝင်စစ်ပြီး စစ်ဘေးရှောင်ပြည်သူ ၁၅ ဦး ကို ဖမ်းဆီးသွားခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်မနက်က ၁၂ ဦးက ပြန်ရောက်လာပေမဲ့ ကျန် ၃ ဦးကတော့ ယနေ့အထိ သတင်းအစအန မကြားရသေးဘဲ အဆက်သွယ်ပြတ်နေကြောင်း သိရပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက “ဖမ်းသွားတဲ့ ၁၅ ယောက်က လူငယ်တွေပဲ။ မပြန်လာတဲ့ ၃ ယောက်က ဘယ်စခန်းမှာ ဖမ်းထားတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ စုံစမ်းပေမဲ့ သေသေချာချာ မသိရသေးပါဘူး။ သူတို့မိသားစုလည်း စိုးရိမ်နေတယ်။ ဘာမှတောင် မလုပ်နိုင် တော့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီက ရှောင်တခင်ဧည့်စာရင်း လာစစ်ချိန်မှာ ဖုန်းစစ်ပြီးနောက် ဖေ့စ်ဘွတ်ခ်မှာ  PDF နဲ့ သူငယ်ချင်းဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားခဲ့တာပါ။

စစ်ကောင်စီတပ်က   ညအချိန်မတော် ရုတ်တရက် လာစစ်လေ့ရှိတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ညောင်ရွှေမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၁၆ ခုမှာ စစ်ရှောင်ပြည်သူ ၁၂၀၀၀  လောက်ရှိပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်နဲ့ အနွေးထည် စတဲ့ လူသားချင်းစာနာမှု အကူညီအညီ လိုအပ်နေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013