DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံ ပုလဲအိမ်ရာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသမီး ၁‌ ဦး အလောင်းတွေ့
DVB
·
July 7, 2026
Photo: HtinLin Aung
Photo: HtinLin Aung
Donate to DVB

မင်္ဂလာဒုံမြိုနယ် ပုလဲအိမ်ရာက အမှိုက်ပုံမှာ ဇူလိုင် ၆ ရက် မနက် ၈ နာရီခွဲက သတ်ဖြတ်ခံထားရတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို လာရောက်စွန့်ပစ်သွားတယ်လို့ အိမ်ရာအတွင်း နေထိုင်သူတွေဆီက သိရပါတယ်။

မနေ့ မနက် ၈ နာရီခွဲက ပုလဲအိမ်ရာ အမှိုက်ပုံမှာ သေဆုံးနေတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ပလုံကောက်သူတယောက်က မြင်တွေခဲ့တာလို့ အိမ်ရာအတွင်း နေထိုင်သူတယောက်က DVB ကို ပြောပါတယ်။

“အသက် ၃၀ လောက် ရှိမယ်၊ ကြိုးကွင်းစွပ်သတ်ပြီး အမှိုက်ပုံမှာ လာပစ်သွားတာ။ ပလုံကောက်တဲ့သူက မြင်ပြီး အိမ်ရာတာဝန်ခံကို ပြောပြ၊ သူကတဆင့် အုပ်ချုပ်ရေးမှူးကို လှမ်းအကြောင်းကြားတာ။” 

သေဆုံးသူအမျိုးသမီးမှာ အသက် ၃၀ အရွယ်ရှိပြီး မန်ယူဘောလုံးအင်္ကျီဝမ်းဆက်ကို ဝတ်ဆင်ထားကာ လည်ပင်းမှာ ဒဏ်ရာများရရှိပြီး သေဆုံးနေတာကြောင့် ရဲဆေးစာယူကာ ပုလဲအရန်မီးသတ်အကူအညီနဲ့ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူ တယောက်က DVB ကို ပြောပါတယ်။

“အခုချိန်ထိတော့ အသတ်ခံရတဲ့ ကောင်မလေးက ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။ သိတဲ့သူတွေရှိရင် ဆက်သွယ်ပေးဖို့ အကြောင်းကြားထားတယ်။ ပြစ်မှုကျူးလွန်သူကို မမိသေးပါဘူး။” 

လတ်တလောမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးအလောင်းနဲ့ပတ်သတ်ပြီး စစ်အာဏာရှင်လက်အောက်ခံ မင်္ဂလာဒုံမြို့နယ်ရဲစခန်းက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက် ည ၇ နာရီခွဲကလည်း မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအနီးမှာ ဆိုင်ကယ် ကယ်ရီသမားတယောက်ကို အမျိုးသား ၂ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယူသွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013