DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီအခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
December 18, 2023
စစ်ကောင်စီအခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်
Donate to DVB

ကရင်အမျိုးအသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေမှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ (မို့လို့ကျိုး) ကို ဒီဇင်ဘာ ၁၇ ရက်က KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။

အဆိုပါတပ်စခန်းက နှစ်ပေါင်း ၃၀ လောက်ကတည်းက အခိုင်အမာတည်ဆောက်ထားတဲ့ ပွိုင့် ၉၃၉ တောင်ထိပ်ပေါ်က စစ်ကောင်စီရဲ့  ခံစစ်စခန်းဖြစ်ပြီး ကေအန်ယူ ပူးပေါင်းတပ်တွေက နိုဝင်ဘာလကုန်ပိုင်းကတည်းကနေ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ ရက် ၂၀ ခန့် တိုက်ခိုက်ပြီးမှ သိမ်းနိုင်ခံတာ ဖြစ်ပါတယ်။

KNLA နဲ့ပူးပေါင်းတပ်တွေက ပထမအကြိမ် တိုက်ခိုက်ချိန်မှာ  KNLA ဘက်က ၁၁ ဦး ကျဆုံးခဲ့ပြီး ၅၂ ထိခိုက်ခဲ့တယ်လို့  တပ်မဟာ ၅ ရဲဘော်တဦးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ထိခိုက်သေဆုံးရခြင်းမှာ ရန့်သူမှ သတင်းရရှိပြီး စခန်းအပြင်ထွက်ကာ ပဒေသာမိုင်းထောင်ခဲ့ပြီး မိမိတို့စခန်းတွင်းဝင်ရောက်ချိန်မှာ ပဒေသာမိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး မိမိတို့ ကျဆုံးဒဏ်ရာရကာ ပြန်ဆုတ်လာချိန်မှာ အောက်ဘက်က နေရာယူသောရန်သူမှ မိမိတို့ကိုအနီးကပ် ပစ်ခတ်ခဲ့သောကြောင့် ဖြစ်သည်” လို့ ဖော်ပြထားတယ်။ 

အခု ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်ချိန်မှာ ဒရုန်းတွေ  လက်နက်ကြီးတွေနဲ့ အကြိမ်ရေများစွာတိုက်ခိုက်ပြီးမှ မြေပြင်တပ်ကနေပြီး  တဟုန်ထိုးခက်ခက်ခဲခဲတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်တွေက လက်နက်ခဲယမ်းနဲ့ ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလည်း သေဆုံးခဲ့ပါတယ်။ KNLA ပူးပေါင်းတပ်ဘက်ကလည်း  ၆ ဦး သေဆုံးကာ ၁၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ .

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013