DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်၌ ရဲစခန်းပေါ် လင်းတငှက်ကြီး ၁ ကောင် ပြုတ်ကျ
DVB
·
December 18, 2023
နတ်တလင်းမြို့နယ်၌ ရဲစခန်းပေါ် လင်းတငှက်ကြီး ၁ ကောင် ပြုတ်ကျ
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၇ ရက် ညနေက တာပွန်ရဲစခန်းပေါ်ကို လင်းတငှက်ကြီးတကောင် ပြုတ်ကျလာတာကြောင့် စခန်းမှူးနဲ့ ရဲတပ်သားတွေက နိမိတ်မကောင်းဘူးလို့ ယူဆပြီး ထိတ်လန့်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

နတ်တလင်းမြို့ခံတဦးက “မနေ့က ညနေဘက်မှာ ကျလာတာ လင်းတက တကောင်တည်း။ ဘယ်ကနေ မျက်စိလည် လမ်းမှားလာတာလဲ မသိဘူး။ အကောင်က တော်တော်ကြီးတယ်၊ ၆ ပိဿာလောက်ရှိမယ်” လို့ ပြောပါတယ်။

အခုလို လင်းတငှက်ရောက်လာလို့ ရဲစခန်းကရဲတွေ ယတြာတွေချေနေကြတယ်လို့ တာပွန်ရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ရဲတွေက လန့်နေကြတာ၊ အတိတ်နိမိတ် မကောင်းဘူးဆိုပြီး၊ အုန်းပွဲ ငှက်ပျောပွဲတွေနဲ့ ယတြာတွေချေပြီး ဝုန်းဒိုင်းတွေကြဲနေကြတာ။ မနေ့က ဘုန်းကြီးတွေ၊ ဗေဒင်ဆရာတွေကိုလည်း လိုက်မေးပြီး ရဲတွေ မျက်နှာတွေ ပျက်နေကြတယ်။ လင်းတကလည်း ရဲစခန်းပေါ်မှ တည့်တည့်ကျရတယ်လို့ဆိုပြီး လာကြည့်ကြတာလည်း အများကြီး။ ဒီနေ့မနက်တော့ ဆင်ခေါင်းဘက်ကနေ တောထဲကို သွားလွှတ်ဖို့ လင်းတကို သယ်သွားကြပြီ။”

အဆိုပါ လင်းတငှက်ကြီးဟာ ရဲစခန်းပေါ်ကို ညနေဘက်မှာ ကျလာတာဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့ပုံစံရှိကာ အညိုရောင်မှာ လည်ပင်းက အဖြူရောင်ရှိကာ ဒီဒေသထဲမှာ အရင်က မတွေ့ဖူးဘူးလို့  ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013